Saturday, May 25, 2013

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံရန် စီစဉ်ဆောင်ရွက်လျက်ရှိ



***********************************************************

ယဉ်ကျေးမှုဝန်ကြီးဌာနသည် ၃၁-၁၀-၂၀၁၂ ရက်နေ့တွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ပညာရှင်များ၊ သုတေသီများ ၊ လူငယ်များအကြား အပြန်အ လှန်ဖလှယ်ရန်နှင့် ယဉ်ကျေးမှုကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်အတွက် ရှေးဟောင်းအမွေအနှစ်များ စနစ်တကျ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယဉ်ကျေးမှုဝန်ကြီးဌာန၊နေပြည်တော် တွင် ပြုလုပ်ခဲ့ပါသည်။
၁၉၉၅ခုနှစ်မှစ၍ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း၊ဘုရား ၊ ပုထိုး၊စေတီများ၊ အထိမ်းအမှတ်အဆောက်အအုံများသို့ ၀င်ရောက်ဖူးမြှော် ကြည့်ရှုလေ့ လာကြ သည့် နိုင်ငံခြား သား သုတေသီများ၊ပညာရှင်များ၊ကမ္ဘာလှည့်ခရီးသည်များ ထံမှ ဇုန်ဝင်ကြေး ကို နိုင်ငံခြားငွေ (အမေရိကန်ဒေါ် လာ)ဖြင့် တစ်ဦးလျှင် တစ်ရက်လည်ပတ်ခွင့်(၂)ဒေါ်လာနူန်းဖြင့် (၅)ရက်တစ်ဆက်တည်း အတွက် အမေရိကန် ဒေါ်လာ(၁၀)ဒေါ်လာနူန်းကောက်ခံခဲ့သည်။
အဆိုပါပုဂံဒေသအတွက် ကောက်ခံမှုပြုသည့် ဇုန်ဝင်ကြေးနူန်းထားသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ နိုင်ငံအချို့တွင် ကောက်ခံနေသည့် ၀င်ကြေးနူန်းထားများနှင့် နှိုင်းယှဉ်ပါက ကောက်ခံမှုမှာ အလွန်နည်းပါး လျက်ရှိသည်ကို တွေ့ရှိရသည်။ဥပမာ- ကမ္ဘောဒီးယားနိုင်ငံ၊အန်ကောဝပ်(Angkok Archadological Park)တွင် (၁)ရက်လျှင် အမေရိကန်ဒေါ်လာ (၂၀)ဒေါ်လာနူန်းဖြင့် လည်းကောင်း၊ထိုင်းနိုင်ငံ မြဘုရား(Emerald Buddha) တွင် တစ်ကြိမ်လျှင် အမေရိ ကန်ဒေါ် လာ(၁၁.၆၉)နူန်းဖြင့်လည်းကောင်း ကောက်ခံလျက်ရှိသည်။
ထို့ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းရေး၊သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေရေးတို့ကို ရည်မှန်း၍ ပုဂံဒေသ ဇုန်ဝင်ကြေးကို(၅)ရက်တစ်ဆက်တည်းကာလအတွက် အမေရိကန် ဒေါ်လာ(၁၀)ဒေါ်လာ ကောက်ခံနေရာမှ အမေရိကန် ဒေါ်လာ(၁၅)ဒေါ်လာနူန်း ၀င်ကြေးငွေ ပြင်ဆင်တိုးမြှင့်သတ်မှတ်၍ ၂၀၁၃ ခုနှစ် ဇွန်လ(၁)ရက်နေ့မှ စတင်ပြီးကောက်ခံရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြလိုက်ပါသည်။



No comments:

Post a Comment