နေပြည်တော် ရုံးအမှတ်(၃၅) (၂၉.၅.၂၀၁၃) ရက်နေ့ (၁၁း၃၀)နာရီချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော ကမ္ဘောဇသာဒီနန်းတော်နှင့်ညောင်ရွှေယဉ်ကျေးမှုပြတိုက်တို့၏ စီမံခန့်ခွဲခွင့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးသည့် အခန်းအနား ကျင်းပခဲ့သည်။အခမ်းအနားသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူမှ တက်ရောက် အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားချက်များမှာ_ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ဇယား(၂)၊ပုဒ်မခွဲ(၇)အရ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်ရေး၊ပြတိုက်နှင့်စာကြည့်တိုက်များကို တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည်ဟု ပြဌာန်းထားသည့် အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ်စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း၊ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများနှင့် ပြတိုက်ဖြစ်သည့်အတက် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ စီမံခန့်ခ္ဂွဲ၍ ပြုပြင်ထိန်းသိမ်းသွားရန် လိုကြောင်း၊နိုင်ငံတကာအဆင့်မီ Hisorical Park အဖြစ် Visitor Fasilitias များ တိုးမြှင့်တည်ဆောက်၍ ပြည်တွင်းပြည်ပ ဧည့်သည်များကို ၀န်ဆောင်မှုပေးခြင်းများ ဆက်လက်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း ပြောကြားပါသည်။အခန်းအနားသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်၊ ဒုတိယ၀န်ကြီး ဦးသန်းဆွေ၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါတ်တာကျော်ဦး၊ရှမ်းပြည်နယ် အစိုးအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်၊ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသန၊အမျိုးသာပြတိုက်နှင့် စာကြည့်တိုက်ဦးစီဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း၊အနုပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ဦး နှင့် တာဝန်ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။အခန်းအနား အစီအစဉ်ဖြင့် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော် နှင့် ရှမ်းပြည်နယ်ညောင်ရွှေယဉ်ကျေးမှုပြတိုက်တို့၏ စီမံခန့်ခွဲခွင့် လွဲပြောင်းပေးခြင်းဆိုင်ရာ သဘောတူညီချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသန၊အမျိုးသာပြတိုက်နှင့် စာကြည့်တိုက်ဦးစီဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး တို့မှ လက်မှတ်ရေးထိုး လွဲပြောင်းမှု ပြုလုပ်ကာ ပေးအပ်ပြီး အခန်းအနား ပြီးစီးခဲ့ပါသည်။

No comments:
Post a Comment