Thursday, May 23, 2013

ကုန်းဘောင်ခေတ်လက်ရာ ရွှေဆံစွပ်(၁)ခု လာရောက်အပ်နှံမှုကိုထိုက်တန်စွာ ဆုချီးမြှင့်


ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနသို့
 ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်၊ရှားပင်ကုန်းကျေးရွာနေ ဦးလှိုင်ဇော်ဦး၊ဦးသိုက်ထွန်းနှင့်
ဦးအောင်ဝေဖြိုးတို့မှ ကုန်းဘောင်ခေတ်လက်ရာ ရွှေဆံစွပ်(၁)ခုကို လာရောက်အပ်နှံခဲ့သည်။
 ဦးလှိုင်ဇော်ဦး၊ဦးသိုက်ထွန်းနှင့် ဦးအောင်ဝေဖြိုးတို့သည် ဧရာဝတီမြစ်ဆိပ်တွင် မြစ်ထဲမှ ကျောက်
 စရစ်များကို စုတ်ယူ၍ သဘောင်္ပေါ်သို့တင်ရန်အတွက် ကျောက်များသယ်ယူရာမှ ကုန်းဘာင်ခေတ်
 လက်ရာ ရွှေဆံစွပ်(၁)ခုရှိခဲ့ပြီး ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး
 ဌာနသို့ လာရောက် အပ်နှံခဲ့သည်။ဦးစီးဌာနရှိ ရှေးဟောင်းပစ္စည်းအကဲဖြတ်အဖွဲ့က စစ်ဆေးပြီး မူ
လတန်ဖိုး၊ခေတ်ကာလကြေး၊ လက်ရာကြေးများ တွက်ချက်၍ ရှေးဟောင်းပစ္စည်း တွေ့ရှိအပ်နှံသူ
အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဆုကြေးငွေ(၂၆၃၆၉၃၄/-) (ကျပ်နှစ်ဆယ့်ခြောက်သိန်း သုံး
သောင်းခြောက်ထောင်ကိုးရာသုံးဆယ့်လေးတိတိ) ကို (၂၂.၅.၂၀၁၃)ရက်နေ့တွင် ဦးစီးဌာန၊
နေပြည်တော်၌ ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်မှ ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်မှ -
"ယခုလို ရှေးဟောင်းတန်းဝင် ကုန်းဘောင်ခေတ်လက်ရာ ရွှေဆံစွပ်ကို လာရောက်အပ်နှံမှု အတွက်
ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ရွှေဆံစွပ်သည် ကုန်းဘောင်ခေတ်လက်ရာဖြစ်သည့်အတွက် နိုင်ငံ
တော်မှ ထိုက်တန်သောဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ရှေးဟောင်းပစ္စည်းများကို လာရောက်အပ်နှံ
ပါက ရှေးဟောင်းပစ္စည်းများ၏ မူလတန်ဖိုးပေါ်တွင် ခေတ်ကာလတန်ဖိုးနှင့် လက်ရာတန်ဖိုးများ
ထပ်ဆောင်းလျက် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုက်တန်စွာ ဆုချီးမြှင့်လျက်ရှိပါကြောင်း၊ မြန်မာ့
ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိပါက တာဝန်သိသိဖြင့်
နိုင်ငံတော်သို့ အပ်နှံစေရန်လည်း အသိပညာပေးလျက်ရှိကြောင်း၊ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့်
ရှေးဟောင်းပစ္စည်းများကို ဖျက်ဆီးခြင်း၊တရားမ၀င်ခိုးထုတ်ခြင်းများကိုလည်း တည်ဆဲ ဥပဒေများ
အရ ကာကွယ်ထိန်းသိမ်း လျက်ရှိကြောင်း၊ ခုလို လာရောက်အပ်နှံမှုအတွက် များစွာ ၀မ်းသာ
ဂုဏ်ယူ မိပါကြောင်း ပြောကြားသည်။

စာဖတ်သူများခင်ဗျာ ...
ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန
အနေဖြင့် မြန်မာနိုင်ငံအနှံ့မှ တွေ့ရှိမည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို
 တာဝန်သိသိ လာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ ကာလတန်ဖိုးအပြင် ရှေးဟောင်းလက်ရာ
တန်ဖိုး၊ခေတ်ကာလတန်ဖိုးများပါ ထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ယဉ်ကျေး
မှု တန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္တုပစ္စည်းများကို စုဆောင်းထိန်းသိမ်းလျက်ရှိပါကြောင်း ...
ကုန်းဘောင်ခေတ်လက်ရာ ရွှေဆံစွပ်လာရောက်အပ်နှံသူများအကြောင်း မှတ်တမ်းတင်ဂုဏ်ပြု
သတင်းဖော်ပြလိုက်ရပါသည်။


Post by KoArkarKyaw

No comments:

Post a Comment