Saturday, April 6, 2013

အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ပထမအဆောင် ၂၀၁၃ ခုနှစ် မေလဆန်းတွင် ဖွင့်လှစ်၍ စာကြည့်တိုက် ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်လျက်ရှိ


နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ရာဇဌာနီလမ်းမကြီး ဘေးတစ်ဖက် တွင်တည်ဆောက်လျက်ရှိသော အမျိုးသားစာကြည့်တိုက်
(နေပြည်တော်) ၏ ပထမအဆောင်တွင်
(၁) ရည်ညွှန်းစာအုပ်စင်ခန်း၊
(၂)Book on Myanmar အခန်း
(၃)အင်္ဂလိပ်စာအုပ်စင် အခန်း
(၄)မြန်မာစာအုပ်စင် အခန်း
(၅)ရှေးဟောင်းသုတေသန စာအုပ်စင်အခန်း
(၆)Recreation Section
(၇) Childrem Section
တို့တွင် စာအုပ်ပေါင်း (၂)သိန်း(၅)သောင်းကျော်ကို ပြောင်းရွှေ့ခင်းကျင်း လျက်ရှိသည်။
E-Library ကို စာအုပ်ပေါင်း တစ်သောင်းငါးထောင်ကျော်ဖြင့် ပြင်ဆင်ထား
ရှိပြီး ဖြစ်၍ ၂၀၁၃ ခုနှစ် မေလဆန်းတွင် ဖွင့်လှစ်ပြီး စာဖတ်သူများအား စာကြည့်တိုက် ၀န်ဆောင်မှုလုပ်ငန်းများ စတင်တော့မည်ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ ပထမဆောင်ကို ဖွင့်လှစ်ရန် အ
တွက် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်မှုများကို ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူမှ ၂၀၁၃ ခုနှစ်၊မတ်လ (၁၈)ရက်နေ့ ၊
နံနက်(၁၀:၀၀)နာရီခိန်တွင် သွားရောက်၍ ကြည့်ရှု စစ်ဆေးသည်ကို ယဉ်ကျေးမှုဝန်ကြီးဌာန ၊ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် နှင့် တာဝန်ခံအရာရှိများမှ ရှင်းလင်းတင်ပြသည်။

အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ကို အဆောင်(၄)ဆောင် ဖြင့် တည်ဆောက်လျက်ရှိရာ မှ ပထမအဆောင် ၊ အဆောင်(၁) သည် ရာနူန်း ပြည့် ပြီးစီးပြီဖြစ်သည်။
ကျန် အဆောင်(၃)ဆောင်ကိုလည်း ခွင့်ပြုသော ရန်ပုံငွေပေါ်မူတည်၍
ဦးစားပေး အစီအစဉ်ဖြင့် ဆက်လက် တည်ဆောက်သွားမည်ဖြစ်သည်။
အဆောင်များအားလုံး ပြီးစီးပါက ကျန်ရှိနေသေးသော စာနယ်ဇင်း ၊ပေ နှင့် ပုရပိုက် စာဖတ်ခန်း၊အထူးစာစုများစာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်း၊ အထူးဧည့်သည်တော်များ စာဖတ်ခန်း၊ Enginnering Maintenance Room ,Traning Center,Conference Hall,Language Lab တို့ကို ဖွင့်လှစ် နိုင်မည်ဖြစ်သည်။


News by Ko ArKarKyaw

No comments:

Post a Comment