ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြုအား ပြည်ထောင်စုသမ္မတဂျာမဏီနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဖိတ်ကြားချက်ဖြင့် ဂျာမနီနိုင်ငံသို့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း၊ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးလွင် လိုက်ပါစေလျက် ၃-၃-၂၀၁၃ မှ ၉-၃-၂၀၁၃ နေ့အထိ လုပ်ငန်းဆိုင်ရာ ကိစ္စခရီးစဉ် သွားရောက်ခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဘာလင်မြို့
ရှိ ပြတိုက်များ၊ စာကြည့်တိုက်များ ကို လေ့လာခဲ့သည်။
၇-၃-၂၀၁၃ ရက်နေ့ ၉:၀၀ ချိန်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်း
တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဒုတိယ
ဝန်ကြီး Ms.Cornelia Peiper နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေ သဘောတူစာချုပ် ချုပ်ဆိုရေးအတွက် အခြေခံ ပါဝင်မည့် အချက်အလက်များဆွေးနွေးခြငး၊ ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ အဆောက်အဦးတစ်ခုကို ယဉ်ကျေးမှုဖွံ့ဖြိုးရေး ကိစ္စ
တစ်ခုအတွက် ဌားရမ်းရုံးဖွင့်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် ညွှန်ကြားရေး
မှူးချုပ်များသည် ဘာလင်မြို့မှ တဆင့် ဟန်နိုဗာမြို့သို့ အမြန်ရထားဖြင့်
နေ့ချင်းပြန် ခရီးစဉ်တစ်ခုသွားရောက်ခဲ့သည်။
ထိုခရီးစဉ်မှာ ဟန်နိုဗာမြို့ရှိ Gottfried Wihelm Leibniz စာကြည့်တိုက်တွင်
ထိန်းသိမ်းထားရှိသော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ ပေးပို့သော သမိုင်းဝင်ရွှေသားအစစ်ဖြင့် အပြားခတ်ထားသည့် ရွှေပေလွှာ အစစ်ကို
သွားရောက်ကြည့်ရှုလေ့လာခြင်း ဖြစ်သည်။အေဒီ
၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ
ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ
Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆
ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန်
ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည်
အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကိုဖော်ပြထားသည်။
လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုပ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသားထားကြောင်း သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိရသည်။
ယဉ်ကျေးမှုဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဘာလင်မြို့
ရှိ ပြတိုက်များ၊ စာကြည့်တိုက်များ ကို လေ့လာခဲ့သည်။
၇-၃-၂၀၁၃ ရက်နေ့ ၉:၀၀ ချိန်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်း
တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဒုတိယ
ဝန်ကြီး Ms.Cornelia Peiper နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေ သဘောတူစာချုပ် ချုပ်ဆိုရေးအတွက် အခြေခံ ပါဝင်မည့် အချက်အလက်များဆွေးနွေးခြငး၊ ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ အဆောက်အဦးတစ်ခုကို ယဉ်ကျေးမှုဖွံ့ဖြိုးရေး ကိစ္စ
တစ်ခုအတွက် ဌားရမ်းရုံးဖွင့်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် ညွှန်ကြားရေး
မှူးချုပ်များသည် ဘာလင်မြို့မှ တဆင့် ဟန်နိုဗာမြို့သို့ အမြန်ရထားဖြင့်
နေ့ချင်းပြန် ခရီးစဉ်တစ်ခုသွားရောက်ခဲ့သည
ထိုခရီးစဉ်မှာ ဟန်နိုဗာမြို့ရှိ Gottfried Wihelm Leibniz စာကြည့်တိုက်တွင်
ထိန်းသိမ်းထားရှိသော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ ပေးပို့သော သမိုင်းဝင်ရွှေသားအစစ်ဖြင့် အပြားခတ်ထားသည့် ရွှေပေလွှာ အစစ်ကို
သွားရောက်ကြည့်ရှုလေ့လာခြင်း
လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုပ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသားထားကြောင်း သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိရသည်။
No comments:
Post a Comment