(၉)ကြိမ်မြောက် အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အ၀န်း ကောင်စီ အစည်းအဝေး သို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း။

(၂၃.၃.၂၀၁၃)တွင် ကျင်းပခဲ့သည် (၉)ကြိမ်မြောက် အာဆီယံလူမှုရေး ယဉ်ကျေးမှုအသိုက်အ၀န်းကောင်စီ အစည်းအဝေးအား ဘရူးနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါ ၀န်မြို့ ရှိ The Empire Hotel ၌ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် မြန်မာ နိုင်ငံ
အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အ၀န်းကောင်စီ ဒုတိယဥက္ကဌ ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယ၀န်ကြီးဦးသန်းဆွေ ခေါင်းဆောင်မှုဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း
နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
အစည်းအဝေးသို့
အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ
အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အ၀န်းကောင်းစီအဖွဲ့ဝင်
အစိုးရ၀န်ကြီးများ၊ဒုတိယ ၀န်
ကြီးများ၊အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်ကိုယ်စားလှယ်
အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး တွင် ဆွေးနွေးမှုများမှာအာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အ၀န်း အခြေပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ဆက်လက် ဆောင်ရွက်သွားမည့်
လူငယ်ကဏ္ဍ၊
ယဉ်ကျေးမှုကဏ္ဍ၊
အားကစားကဏ္ဍ၊
ပညာရပ်ဆိုင်ရာကိစ္စများ၊
ဒေသတွင်းလူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒဆိုင်ရာကိစ္စရပ်များ၊
အာဆီယံတက္ကသိုလ်များဆိုင်ရာကွန်ရက် တည်ထောင်နိုင်ရေး၊
အာဆီယံနှင့် ယူနက်စကိုတို့ အကြားပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့်
(၂၂)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့ အစီရင်ခံစာ တင်ပြရေး
တို့ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်။
အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အ၀န်းဆိုင်ရာ အခြေပြမြေပုံအား
ဒေသအတွင်းအကောင်အထည်ဖော်ဆောင်မှုနှစ်ဝက်သုံးသပ်ချက် အစီ
ရင်ခံစာထုတ်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှု ပြုလုပ်
သွားမည်ဟု ဘရူးနိုင် နိုင်ငံအစိုးရမှ ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။
ဘရူးနိုင်းနိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ်သည် ပြည်ထောင်စု သမ္မတမြန်မာ
နိုင်ငံတော်ကို အားကစားနိုင်ငံအဖြစ် သတ်မှတ်ထားရှိကြောင်း၊ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် (၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လူငယ်လုပ်အားပေး
များ ပါဝင်ဆောင်ရွက်ရေး၊ အားကစားပြိုင်ပွဲ ဖွင့်ပွဲတွင် South East Asia
Games Federation နိုင်ငံများမှ ယဉ်ကျေးမှုအဖွဲ့များပါဝင် ဖျော်ဖြေတင်ဆက်
နိုင်ရေး တို့ကို ဆွေးနွေးခဲ့သည်။
ထို့အတူ ဗီယမ်နမ် နိုင်ငံမှ တင်ပြသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး
အန္တရာယ်များအပေါ် စီမံခန့်ခွဲရေးဆိုင်ရာ ဦးစားပေး ဆောင်ရွက်ရန် နှင့်
ကမ္ဘောဒီးယား နိုင်ငံတွင် အာဆီယံလူမှုစောင့်ရှောက်ရေးဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရေးတို့ကို ထောက်ခံဆွေးနွေးခြင်းကိစ္စများ ဆောင်
ရွက်ခဲ့ကြသည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်သည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ
မှု၊မြန်မာနိုင်ငံ သည် (၂၇.၁၁.၂၀၁၂) တွင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း
ဆိုင်ရာနိုင်ငံတကာအဖွဲ့( International Organization of Migration -IOM)
သို့ (၁၄၇)နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် ၀င်ရောက်ထားပြီးဖြစ်၍
ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရေး ဆောင်ရွက်နေမှု၊
အလုပ်သမားဝန်ကြီးဌာန အား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန
အဖြစ်အမည် ပြောင်းလဲဖွဲ့စည်းမှု၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား
ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးဆောင်ရွက်ပြီးစီးခဲ့မှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက်...
(၂၁.၃.၂၀၁၃) နှင့် (၂၂.၃.၂၀၁၃) တွင် ဘရူးနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အ၀န်း ဆိုင်ရာ
အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊သမိုင်း
သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း ဦးဆောင်သည့်
ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ခဲ့သည်။
News by Ko Arkar Kyaw
No comments:
Post a Comment