“ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲ ဇာတ်ဝင်ခန်းများ မန္တလေးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရိုက်ကူးမည်။
Forever Group Co., Ltd နှင့် BEC (Tero) ထိုင်းရုပ်သံလိုင်းတို့ ပူးပေါင်း၍ “ထာဝရမန္တလေး” အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲအား ထပ်ဆင့်အကယ်ဒမီ မောင်ငြိမ်းမင်း မှ ဇာတ်ညွှန်း ၊ ဒါရိုက်တာ အဖြစ် စီစဉ်ရိုက်ကူးသွားမည် ဖြစ်သည်။ ဇာတ်လမ်းတွဲအား MRTV_4 ရုပ်သံလိုင်းတွင် ပြသရန်အတွက် ရိုက်ကူးလျက် ရှိနေပြီဖြစ်ပြီး ဇာတ်ဝင်ခန်းများတွင် မြန်မာမှု၊မြန်မာဟန်၊မြန်မာဓလေ့စရိုက် နှင့် မြန်မာနိုင်ငံ မန္တလေးမြို့၏ ထင်ရှားသော ပွဲတော်ကျင်းပမှုများကိုထည့်သွင်းရိုက်ကူးသွားမည်ဟု သိရှိရသည်။ ထို့ကြောင့် မန္တလေးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့် ဗားကရာကျောင်းတိုက် တို့တွင် ရိုက်ကူးခွင့် ပြုနိုင်ရေးအတွက် Forever Group Co., Ltd (MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများ) မှ တာဝန်ရှိ လူကြီးမင်း ဖြစ်သူ မန်နေဂျာ ဦးနိုင်သန်း သည်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ထံသို့ (၁၄.၃.၂၀၁၃) ရက်နေ့တွင် ခွင့်ပြု ချက် တောင်းခံခဲ့သည်။
ထိုသို့တာဝန်သိစွာပူးပေါင်းဆောင်ရွက်သော၊မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို မြတ်နိုး
တန်ဖိုးထား လို မှုများအတွက် ယဉ်ကျေးမှုဝန်ကြီးဌာမှ များစွာ ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး Forever Group Co., Ltd နှင့် BEC (Tero) ထိုင်းရုပ်သံလိုင်းတို့ ပူးပေါင်း၍ ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ မောင်ငြိမ်းမင်း စီစဉ် ရိုက်ကူးမည့် “ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲအား ရိုက်ကူးရေးသတ်မှတ်နူန်းထားများအတိုင်း ကောက်ခံခြင်းဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရိုက်ကူး ခွင့် ပြုသွားမည်ဖြစ် ပါသည်။
သို့ရာတွင် ရိုက်ကူးမှု ဇာတ်ဝင်ခန်းများမှ မြန်မာ့အစဉ်အလာယဉ်ကျေးမှု ကိုမှေးမှိန်စေခြင်း၊မြန်မာနိုင်ငံကို အထင်သေး စေနိုင်သော ၊ တိုင်းရင်းသားအချင်းချင်းကို စိတ်ဝမ်းကွဲစေနိုင်သော ကိစ္စရပ်များ
( သမိုင်း၊ဘာသာ၊စာပေ၊နိုင်ငံရေး အတွေးအမြင်စိတ်ဝမ်းကွဲစေမှု) စကားလုံးအသုံးအနူန်း(Dialogue)
များ သည် ယဉ်ကျေးမှုနယ်မြေပေါ်တွင် ရိုက်ကူးမှုများမှ အခြေခံလာပါက
ပြည်တွင်း၌ ပြသရန် ကန့်ကွက်သွားမည်ကို ကြိုတင်အသိပေးရပါကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ “ထာဝရ မန္တလေး”ရုပ်သံဇာတ်လမ်းတွဲအား ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သတ်မှတ်နူန်းထားဖြင့် ရိုက်ကူး ခွင့် ကို ခွင့်ြ့ပုခြင်း နှင့် အတူ ပြန်လည် အကြောင်းကြားသွားမည်ဖြစ်ပါသည်။
(ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီ ငြိမ်းမင်း စီစဉ်ရိုက်ကူးေ န သော
"ထာဝရမန္တလေး"... ဇာတ်လမ်းတွဲတွင် ၀ါရင့် အနုပညာရှင် ထပ်ဆင့်အကယ်
ဒမီ၊ အကယ်ဒမီ ဆုရ မင်းသား ၊ မင်းသမီးကြီး များနှင့် အတူ မျက်နှာသစ် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ရိုက်ကူးမည့် မြန်မာ့ ရုပ်သံဇာတ်လမ်း တွဲ ဖြစ်သည် ဟု သိရသည်။)
News by KoArkar Kyaw

No comments:
Post a Comment