Saturday, April 6, 2013

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ တက်ရောက်ကြည့်ရှုလေ့လာခွင့် ပြုနိုင်မည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများ ကြည့်ရှုစစ်ဆေး

ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်သည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များတက် ရောက်ကြည့်ရှု လေ့လာခွင့် ပြုနိုင်မည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများ ကြည့်ရှုစစ်ဆေးခဲ့သည်။ ယခုနှစ်အတွင်း ပုဂံဒေသသို့ ပြည်တွင်းပြည်ပရှိခရီးသွားဧည့်သည်များ လာရောက်လေ့လာမှုသည်ယခင်နှစ်ကာလများထက် ပိုမိုး တိုးတက် လျက် ရှိရာ ပုဂံဒေ၏ တမူထူးခြားလှပသည့် ပတ်ဝန်ကျင် မြင်ကွင်းကို ခရီးသွား ဧည့်သည် များပိုမိုစိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခံစား နိုင်စေရေးနှင့်အဆင်ပြေစေ ရေးတို့အတွက် ပြည်တွင်းပြည်
ပ ခရီးသွားဧည့်သည်များကို တက်ရောက်လေ့ လာခွင့် ပေးနိုင်မည့် စေတီပုထိုး များ၏ ကြံ့ခိုင်မှုအခြေ အနေရှေးဟောင်းအဆောက်အဦးများနှင့် စေတီပုထိုးများ ရေရှည်တည် တံ့ခိုင်မြဲစေ ရေးတို့ အတွက်ကြို တင်ကာကွယ်ထိန်းသိန်းရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင် မှ ဖေဖော်ဝါရီ ၇ရက်နှင့် ၈ ရက်နေ့များတွင် ကြည့်ရှုစစ်ဆေးပြီး ဌာန၀န်ထမ်းများ အနေ ဖြင့်ရှေးဟောင်း သုတေသန ဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို အမြဲမပြတ်လေ့လာရန်၊ Capacity Building ကိုမြှင့် တင်ရန်၊ ခရီးသွားဧည့် သည်များကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ကူညီစောင့်ရှောက်ပေးရန်၊ခရီးသွားဧည့်သည်များကလည်းမိမိတို့၏ ရှေးဟောင်းဇုန်အတွင်းနှင့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အဦးများအတွင်းလိုက်နာရမည့် စည်းမျဉ်း၊စည်း ကမ်းများကို တိကျစွာလိုက် နာစေရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန် ရှိ သူများ ကို မှားကြာသည်။ ထိုနောက် ဒုတိယ၀န်ကြီးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားယဉ်ကျေး မှု ဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် ပုဂံအာနန္ဒာဘုရား ရှိ နံရံဆေးရေးပန်းချီနှင့် အနုလက် ရာများ ရှေးမူမပျက်အ ထွေထွေကြံ့ ခိုင်မှုထိန်းသိမ်းရေးလုပ်ငန်းခွင်သို့သွားရောက်၍ လုပ် ငန်းဆောင် ရွက်ပြီး စီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး Archaeological survey of india မှ ပညာရှင်များနှင့် မိမိဌာနမှ ပညာရှင်များအား ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြား သည်။ပြီးနောက် ဒုတိယ၀န်ကြီးသည် ပညာရှင် များ၏ ဆွေးနွေးချက်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ ကြောင်း သတင်းရရှိသည်။ 
၉.၂.၂၀၁၃ 
12:57 PM ArKarKyaw

No comments:

Post a Comment