Friday, July 20, 2012

ဇူလိုင်လ(၁၉)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အခမဲ့ ဖွင့်လှစ်ထားမည်။



မနက်ဖြန် ဇူလိုင်လ(၁၉)ရက်နေ့ ကြာသပတေးနေ့သည်မြန်မာနိုင်ငံ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သော နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ နယ် ၊ ဗိုလ်ချိုလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ဇူလိုင်လ(၁၉)ရက်နေ့တွင် နံနက် (၈း၀၀)နာရီမှ ညနေ (၄း၀၀) နာရီအထိ အခမဲ့ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး တင်ပြပါရစေ။ ယခင်တုန်းအခါက အာဇာနည်နေ့တစ်ရက်တည်းသာ ဖွင့်လှစ်ပြသ ခဲ့ရာမှ ၂၀၁၂ ခုနှစ် မတ်လ(၅)ရက် နေ့မှ စ၍ တနင်္လာ၊အင်္ဂါ နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ အပ နေ့စဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ဖွင့်လှစ်သည့် နေ့ရက်များတွင် နံနက်(၁၀း၀၀)နာရီမှ ညနေ (၄း၀၀) နာရီအထိ ဖွင့်လှစ်ထားသည်။ဝင်ကြေးမှာ မြန်မာနိုင်ငံသား/နိုင်ငံခြားသားမခွဲခြားပဲ လူကြီး (၃၀၀)ကျပ်)၊ သံဃာတော်/သီလရှင်/ကလေးငယ် (၁၀၀/) ကျပ်ကောက်ခံသည်ဟုသတင်းပေး လိုက်ပါသည်။

No comments:

Post a Comment