Thursday, June 14, 2012

ကမ္ဘာ့အမွေအနှစ်များ စီမံခန့်ခွဲရေးအစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ကမ္ဘာ့အမွေအနှစ်များ စီမံခန့်ခွဲရေးအစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
******************************************************
   



 မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန အနေဖြင့်  မြန်မာနိုင်ငံ၏အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ပျူမြို့ဟောင်းများဖြစ်
သည့် ဗိဿနိုးမြို့ဟောင်း  ၊ ဟန်လင်းမြို့ဟောင်း နှင့် သရေခေတ္တရာမြို့ဟောင်းများကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းသတ်မှတ်နိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိပါတယ်။အဆိုပါမြို့ဟောင်းများ၏ Management Plan ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်နှင့် World Heritage Center မှကမ္ဘာ့အမွေ အနှစ်များအတွက် သတ်မှတိထားသော အပြည်ပြည်ဆိုင်ရာ စံညွှန်များကို မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးဆိုင်ရာလုပ်ငန်းအဖွဲ့တို့ နားလည်သဘောပေါက်စေရန်နှင့် ပျူရှေးဟောင်းမြို့တော် များအတွက်ရေးဆွဲလျှက်ရှိသော Nomination Dossier ကိုသုံးသပ်ဆွေးနွေးရန်ရည်ရွယ်ပြီး UNESCO  နှင့် ရှေးဟာင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တို့မှဦးစီးကာ ကမ္ဘာ့အမွေအနှစ်များ စီမံခန့် ခွဲရေးအစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ၊ ဇွန်လ(၇) ရက်နေ့၌  ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)တွင်လည်းကောင်း ၊ ၂၀၁၂ ခုနှစ်  ၊ ဇွန်လ(၉)ရက်နေ့ မှ (၁၂) ရက်နေ့ အထိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် လည်းကောင်း အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
           အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ UNESCO မှ ပညာရှင် (၅)ဦး ၊ UNESCO - BANGKOK မှ (၁)ဦး ၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန နှင့် ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တို့မှ ပျူရှေးမြို့ဟောင်း များ၏ Management Plan ရေးဆွဲရေးဆိုင်ရာပညာရှင်များနှင့် အရာထမ်းများအပ်အ၀င် စုစုပေါင်း ၁၉ ဦး
တက်ရောက်ခဲ့ပါတယ်။အဆိုပါအဖွဲ့ဟာ ၂၀၁၂ ခုနှစ် ၊ ဇွန်လ (၇)ရက်နေ့တွင် ပြည်မြို့ ၊ သရေခေတ္တရာမြို့
ဟောင်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာ နေရာများ ၊ တူးဖော်ထားသည့် Site များကို သွားရောက်လေ့လာခဲ့ကာ အခြေအနေသုံးသပ်ခြင်း ၊ စီမံခန့်ခွဲရန် လိုအပ်သည့် နေရာများကိုသတ်မှတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။
        ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသော ကိုယ်စားလှယ်များ ၊ ပညာရှင်
များက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များ ၊ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ ၊ ပျူရှေး
မြို့ဟောင်းများ၏ စီမံခန့်ခွဲရေးဆိုင်ရာ ( Management Plan ) တွင် နိုင်ငံတကာသတ်မှတ်ချက်များနှင့် အညီ ကိုက်ညီအောင် ပြန်လည်ဖြည့်စွက်ခြင်း ၊ ပျူရှေးမြို့ဟောင်းများရှိ ယဉ်ကျေးမှုအမွေအနှစ်များအတွက်
ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
         ဆက်လက်ပြီး ဇွန်လ(၁၃)ရက်နေ့မှ စတင်ကာ UNESCO မှ တာဝန်ရှိသူများ ၊ ပျူရှေးဟောင်းမြို့
တော်များအား ကမ္ဘာ့အမွေအနှစ်စာရင် တင်သွင်းရေးဆိုင်ရာ Nomination Dossier မူကြမ်းရေးဆွဲရေးဆိုင်
ရာကော်မတီ အဖွဲ့ဝင်များ ၊ ပြည်တွင်းပညာရှင်များ ၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများ ပူးပေါင်းပါဝင်တဲ့ Working Session အစည်းအဝေးကိုလည်း ကျင်းပလျှက်ရှိပါတယ်။

No comments:

Post a Comment