Monday, June 4, 2012

လာမယ့် စက်တင်ဘာ လတွင် အာနန္ဒာ ဘုရားကြီး Structure ပိုင်းများ ပြုပြင်သွားမည်


Monday 4th June 2012
 ပုဂံဒေသရှိ အာနန္ဒာ ဘုရားကြီးကို လာမယ့် စက်တင်ဘာ လအတွင်းမှာ Structure တည်ဆောက်မှု ပိုင်းများ ပြုပြင် သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို အာနန္ဒာ ဘုရားကြီးကို Structure ပိုင်း ပြုပြင်ရာမှာ ဘုရားကြီးရှိ မိုးလျှောများ ပြုပြင်ခြင်း၊ ဘုရား ပတ်လည် မှာရှိတဲ့ ရင်ပြင် ကျောက်ပြားများ ပြန်ခင်းခြင်း၊ လိုဏ်ပတ်လမ်း အတွင်း ကြမ်းခင်းကို ပြန်လည် ပြုပြင်ခြင်း၊ အနုလက်ရာ ထိန်းသိမ်းခြင်း အနေနဲ့ နံရံ ဆေးရေး ပန်းချီရှိတဲ့ မျက်နှာပြင် များကို ပြန်လည် သန့်စင် ထိန်းသိမ်းခြင်းများ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါအပြင် အင်္ဂတေပန်းများ၊ ကျောက်ဆစ် လက်ရာများနဲ့ စဥ့်ကွင်းများအား သန့်စင် ထိန်းသိမ်းခြင်း၊ သစ်သား ထည်များကို သန့်စင် ထိန်းသိမ်းခြင်း လုပ်ငန်း အစရှိတာ တွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အာနန္ဒာ ဘုရားကြီးရဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို အိန္ဒိယနိုင်ငံ ASI အဖွဲ့မှ
ပညာရှင် အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့မှ ပညာရှင် ၅ ဦး ပါတဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်မှ ၂၇ ရက်နေ့ အထိ အာနန္ဒာ ဘုရားကြီးရှိ တောင်ဘက် အာရုံခံ စောင်းတန်းဘေး ၀ဲ၊ယာရှိ ပျက်စီးနေတဲ့ Apron ကြမ်းခင်း များကို ထုံးကွန်ကရစ်နဲ့ ပြန်ခင်းခြင်း စတာ တွေကို ပြုပြင် ဆောင်ရွက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အရှေ့ဘက် အာရုံခံ တန်ဆောင်း၊ တောင်ဘက် အလယ်မုခ်ဦးရှိ နံရံဆေးရေး ပန်းချီပေါ်မှာ ဖုံးအုပ် နေတဲ့ ထုံးသာလွှာများကို ဓာတုဗေဒ နည်းစနစ်နဲ့ ခွာထုတ်ခြင်း၊ Coating ပြုလုပ်ခြင်း၊ အရှေ့ဘက် အာရုံခံ တန်ဆောင်းရှိ နံရံဆေးရေး ပန်းချီ မျက်နှာပြင်ရှိ အပေါက်များ၊ အက်ကွဲကြောင်း များအား ဓာတုဗေဒ နည်းစနစ်နဲ့ ဖာထေးခြင်း လုပ်ငန်းများ အစရှိတာတွေ ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment