၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သော (၆၅)နှစ်မြောက် အာဇာနည်နေ့ အထူး ပြပွဲအဖြစ် ရန်ကုန်မြို့ရှိဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် နံနက် (၈)နာရီမှ ညနေ (၄)နာရီအထိ အခမဲ့ဖွင့်လှစ်ပြသခဲ့ရာ
နိုင်ငံခြားသား ဧည့်သည် (၄၇)ဦး၊လူကြီး(ကျား/မ) (၁၁၇၀၉)ဦး၊ကလေး(ကျား/မ) (၃၆၈၅)ဦး၊သံဃာတော် (၆၉၈)ပါး၊ သီလရှင်(၉၀)ပါး ၊ စုစုပေါင်း (၁၆၂၂၉)ဦး လာရောက်ကြည့်ရှုကြသည်။ယခင်နှစ်က (၇၆၇၈)ဦး လာရောက်ကြည့်ရှုရာ ယခုနှစ်တွင် ယခင်နှစ်ကထက် (၈၅၅၁)ဦး ပိုမိုလာရောက်ကြောင်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ၁၉၄၅ခုနှစ် ၊မေလမှ ၁၉၄၇ ခုနှစ် ၊ဇူလိုင်လ(၁၉)ရက်နေ့အထိ နေထိုင်ခဲ့သည်။

ပြခန်းများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဇနီးမောင်နှံ အိပ်ခန်း၊ကလေးများအိပ်ခန်း၊ဧည့်ခန်း၊ထမင်းစားခန်း ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော စာအုပ်များ၊ ပရိဘောဂများ၊ဓာတ်ပုံများကို မူလနေရာအတိုင်း ခင်းကျင်းပြသထားရာ ရဟန်းသံဃာတော်များ၊ပြည်တွင်းပြည်ပ ဧည့်သည်များ သည်ပြတိုက်တာဝန်ရှိသူများမေတ္တာရပ်ခံချက် အ တိုင်း နံနက်(၈)နာရီ ပြတိုက်ဖွင့်ချိန်မှ ညနေ(၄)နာရီ ပြတိုက် ပိတ်ချိန်အထိ စနစ်တကျ တန်းစီ၍ ကြည့် ရှုလေ့ လာခဲ့ သည်ကို လည်းဂုဏ်ယူဖွယ် မြင်တွေ့ရသည်။
ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (နတ်မောက်မြို့) ကိုလည်း နံနက်(၈)နာရီမှ ညနေ(၄)နာရီ အထိ အခမဲ့ဖွင့်လှစ်ပြသခဲ့ရာ နိုင်ငံခြားဧည့်သည်(၁)ဦး၊လူကြီး (ကျား/မ) (၅၃၅)ဦး၊ကလေး (ကျား/မ) (၁၄၄)ဦး၊ သံဃာတော်(၄၈)ပါး၊ သီလရှင်(၁)ပါး၊ စုစုပေါင်း (၇၂၉)ဦး။ယခင်နှစ်က စုစုပေါင်း(၆၅၉)ဦး လာရောက် ကြည့်ရှု သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် (၇၀)ဦး ပိုမိုလာရောက်ကြည့်ရှုသည်ဟုသိရသည်။
ဆက်လက်ပြီး တင်ပြပါရစေ။ ယခင်တုန်းအခါက
အာဇာနည်နေ့တစ်ရက်တည်းသာ ဖွင့်လှစ်ပြသ ခဲ့ရာမှ ၂၀၁၂ ခုနှစ် မတ်လ(၅)ရက် နေ့မှ
စ၍ တနင်္လာ၊အင်္ဂါ နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ အ ပ
နေ့ စဉ်ဖွင့်လှစ်လျက်ရှိပြါေ ကာင်း၊ဖွင့်လှစ်သည့် နေ့ရက်များတွင် နံနက်(၁၀း၀၀)နာရီမှ ညနေ (၄း၀၀) နာရီအထိ ဖွင့်လှစ်ထားသည်။ဝင်ကြေးမှာ မြန်မာနိုင်ငံသား/ နိုင်ငံခြားသားမခွဲခြားပဲလူကြီး(၃၀၀)ကျပ်)၊သံဃာတော်/ သီလရှင်/ကလေးငယ် (၁၀၀/) ကျပ်ကောက်ခံသည်ဟုသတင်းပေး လိုက်ပါသည်။
No comments:
Post a Comment