Tuesday 8th May 2012
ယဉ်ကျေးမှု
ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး အမျိုးသား
ကော်မတီက ကြီးမှူး ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံများရှိ ရှေးဟောင်းမြို့တော်များ အကြား ကွန်ရက် ဆက်သွယ် မှု တည်ထောင်ဖို့ အတွက် ယဉ်ကျေးမှု
ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ ဖော်ဆောင်ရေး ဆိုင်ရာ ပထမဆုံး အကြိမ်
ဆွေးနွေးပွဲ တစ်ခုကို မေလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်မှာ
ကျင်းပပြုလုပ် ခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲ မှာတော့ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ် များက
မိမိတို့နိုင်ငံ အလိုက် ရေးဆွဲ ထားတဲ့ အာဆီယံ ဒေသတွင်းရှိ ရှေးဟောင်း
မြို့တော်များ အကြား ကွန်ရက် ဆက်သွယ်မှု တည်ထောင်ခြင်း အတွက် အဆိုပြု
စီမံကိန်းများကို တင်ပြခဲ့ ကြတယ်လို့ သိရပါတယ်။ ဒီလို တင်ပြ ဆွေးနွေး လာတဲ့
စီမံကိန်း များကို သုံးသပ် ဆွေးနွေးခြင်း များအပြင် ပူးပေါင်း
အကောင်အထည်ဖော် ဆောင်ရွက် နိုင်မယ့် စီမံကိန်းများ ပေါင်းစပ်
ညှိနှိုင်းခြင်း၊ ၂၀၁၅ ခုနှစ်အထိ စဉ်ဆက်မပြတ် အကောင်အ ထည် ဖော်ဆောင် ရွက်
နိုင် တဲ့ စီမံကိန်းများ ရေးဆွဲခြင်းနဲ့ ရန်ပုံငွေ အရင်းအမြစ် ရှာဖွေခြင်း
များကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ဆွေးနွေးမှု တွေကို နောင်ကျင်းပမယ့် အာဆီယံ ယဉ်ကျေးမှုဆပ် ကော်မတီ
အစည်းအဝေးမှ တစ်ဆင့် အာဆီယံ ဦးဆောင် ကော်မတီသို့ အဆင့်ဆင့် တင်ပြဖို့
အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် တာဝန် ခွဲဝေခြင်း တို့ကို ဆောင်ရွက်
ခဲ့
တယ်လို့ သိရပါတယ်။
ဒီလို ဆွေးနွေး ခြင်းကြောင့် အာဆီယံ နိုင်ငံများရှိ ရှေးဟောင်း
မြို့တော် အချင်းချင်း ကွန်ရက် ချိတ်ဆက်ပြီး အာဆီယံ ဒေသတွင်း မှာရှိတဲ့
နိုင်ငံ အချင်းချင်း ယဉ်ကျေးမှု ဆိုင်ရာ၊ သမိုင်း ဆိုင်ရာနဲ့ လူမှုဘဝ တိုးတက်
ဖွံ့ဖြိုးမှု တို့ကို နားလည် သဘောပေါက် စေမှာ ဖြစ်တဲ့အပြင် အာဆီယံ ဒေသရဲ့
လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း အကောင်အထည် ဖော်မှု လုပ်ငန်းများမှာ အတူတကွ
ပူးပေါင်း ဆောင်ရွက် နိုင်မယ့် အကျိုး ကျေးဇူးတွေ ရရှိစေမှာ ဖြစ်တယ်လို့
အဆိုပါ ဆွေးနွေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
No comments:
Post a Comment