Wednesday 9th May 2012
အာဆီယံ
နိုင်ငံများရှိ ရှေးဟောင်း မြို့တော်များ အကြား ကွန်ယက် ဆက်သွယ်မှု
တည်ထောင်ဖို့ အတွက် ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ
ဖော်ဆောင်ရေး ဆွေးနွေးပွဲ တစ်ခုကို မေလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ
ဆီဒိုးနား ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ဆွေးနွေး ပွဲအရ
အာဆီယံ ဒေသ အတွင်းရှိ ရှေးဟောင်း မြို့တော်များ အချင်းချင်း ကွန်ယက်
ဆက်သွယ်မှု တိုးမြင့် စေခြင်းနဲ့ အာဆီယံ ဒေသရှိ ပြည်သူများ အကြား အပြန်အလှန်
သိရှိ နားလည်ကာ ချစ်ကြည် ရင်းနှီးမှု တိုးပွား စေမယ့် စီမံကိန်း များကို
အာဆီယံ နိုင်ငံများက ပူးပေါင်း ရေးဆွဲကြမှာ ဖြစ်တယ်လို့ အဆိုပါ ပွဲမှ
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
အဆိုပါ စုပေါင်း ရေးဆွဲကြမယ့် စီမံကိန်းများ
ကိုတော့ အာဆီယံ နိုင်ငံတွေက
စုပေါင်းရေး ဆွဲကြမှာ ဖြစ်ပါတယ်။ ဒီလို ရေးဆွဲရာ မှာတော့ ရှေးဟောင်း
မြို့တော်များကို နိုင်ငံတကာက သိစေဖို့ အတွက် စီမံကိန်းနဲ့ ရေးဆွဲမှာ
ဖြစ်ပြီး ရှေးဟောင်း မြို့တော် အချင်းချင်း ဆက်သွယ်မှု တိုးပွား လာစေဖို့
အတွက် စီမံကိန်းများ ပါဝင် တယ်လို့ သိရပါတယ်။
ဒါ့အပြင် Trading Program များနဲ့ အလုပ်ရုံ ဆွေးနွေးပွဲများ
ပြုလုပ်ခြင်း၊ ရန်ပုံငွေ အရင်းအမြစ် ရှာဖွေခြင်း စီမံကိန်းများ ကိုပါ ပါဝင်
ရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရေးဆွဲ ထားတဲ့ စီမံကိန်း
အဆင့်ဆင့် ကိုတော့ နောက်ထပ် ကျင်းပမယ့် အာဆီယံ ယဉ်ကျေးမှု ဆပ်ကော်မတီ
အစည်းအဝေး ကတဆင့် အာဆီယံ ဦးဆောင် ကော်မတီ အထိ အဆင့်ဆင့် တင်ပြမှုတွေ
ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment