Monday, May 21, 2012

သုဓမ္မာ ဇရပ်ဆောင်များ ပြုပြင် မွမ်းမံခြင်း ရေစက်ချ အလှူပွဲ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း တက်ရောက်


မန္တလေးမြို့၊ မန္တလေး တောင်ခြေရှိ၊ သုဓမ္မာဇရပ် ဆောင်များပြုပြင် မွမ်းမံပြီးစီးခြင်း စုပေါင်း ရေစက်ချ အလှူပွဲကို ဧပြီလ ၂၁ရက် နံနက် ၉နာရီက မန္တလေး တောင်ခြေ ရှိ သုဓမ္မာ ဇရပ် ဇရပ် အဆောင်အမှတ် ၁၅ ၌ ကျင်းပသည်။ အလှူပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန် ကြီး ဦးဖုန်းဇော်ဟန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြွရောက်ကြပြီး သုဓမ္မာ ဇရပ်များအား ပြုပြင်မွမ်းမံ သူ အလှူရှင်များနှင့် စုပေါင်းကာ ပင့်ဖိတ် ထားသော ဆရာတော်၊ သံဃာ တော်ကြီး များအား လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ သုဓမ္မာ ဇရပ်များ ပြုပြင် မွမ်းမံပြီးစီးမှု အတွက် ရေစက်ချ အမျှဝေခြင်း များ ပြု လုပ်ခဲ့ ကြသည်။ မန္တလေး တောင်ခြေတွင် ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက် ကောင်းမှုတော် သုဓမ္မာဇရပ် ၁၉ ဆောင် ရှိပြီး ၂ဝ၁၁ ခုနှစ် ဇူလိုင်လမှ ၂ဝ၁၂ ခုနှစ် မတ်လ အထိ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် သုဓမ္မာ ဇရပ် ၆ ဆောင်၊ အများပြည်သူ လှူဒါန်းငွေဖြင့် ဇရပ် ၁၃ ဆောင်အား ငွေကျပ် ရဝ၈ ဒသမ ၈ သိန်း အကုန်အကျ ခံ၍ ပြုပြင်ခဲ့သည်။ 
သုဓမ္မာဇရပ်များကို မင်းတုန်းမင်းကြီးမှ ကောဇာသက္ကရာဇ် ၁၂၂၆ ခု(ခရစ်နှစ် ၁၈၆၄)တွင် ရတနာစံကျောင်းနှင့် ကျောက်တော်ကြီး ဘုရားအကြား၌ ဇရပ် (၁၈)ဆောင် ၊ကျုံးလမ်း(ယခု ၁၂ လမ်း တစ်လျှောက်) ဇရပ်(၁၅)ဆောင် စုစုပေါင်း (၃၃) ဆောင် တည်ဆောက် လှူဒါန်း ခဲ့သည်။
 သုဓမ္မာဇရပ်များပေါ်တွင် နှစ်စဉ်ဝါဆိုလဆန်း(၈)ရက်မှ ၀ါခေါင်လဆန်း(၈)ရက်နေ့အထိ တစ်လကြာ စာပြန်ပွဲသဘင်ကျင်းပခဲ့သည်။ ရတနာပုံခေတ်တွင် ၀ါတွင်းကာလဥပုသ်သည်များ  နားခိုနေထိုင်ရာနေရာအ
ဖြစ်ခဲ့သည်။
ဆရာအေး၊ဆရာမြင့်တို့၏ သုဓမ္မာဇရပ်ရှိ နိပါတ်ပန်းချီကားများ (၄၈၉)ချပ်အနက်မှ (၁၅၀)ချပ်ကို (၄၅)သိန်း အကုန်ကျခံ၍ သန့်စင်ထိန်းသိမ်းခဲ့ပြီးကြောင်း သိရသည်။ကျန်ပန်းချီကားများကို ခေတ်မီဓါတုနည်းဖြင့် ထိန်းသိမ်းကာ လဟာပြင်နိပါတ်တော်ပန်းချီပြခန်းအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

ပေါ်ပြူလာမြန်မာသတင်း(http://popularmyanmar.com/mpaper/archives/41077)

No comments:

Post a Comment