Friday, August 16, 2013

(၃၇)ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး


(၃၇)ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်း

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဇွန်လ(၁၆) ရက် နေ့ မှ (၂၇)ရက်နေ့အထိ UNESCO ၏ (၃၇)ကြိမ်မြောက်ကမ္ဘာ့အ...မွေအနှစ်ကော်မတီအစည်းအဝေးကျင်းပခဲ့သည်။ အစည်း အဝေးတွင်(၃၆) ကြိမ်မြောက် ကမ္ဘာ့ အမွေ အနှစ်ကော်မတီ အစည်းအဝေး မှတ် တမ်း နှင့် ဆုံး ဖြတ်ချက်များကို ဆက် လက် ဆွေးနွေးခြင်း၊အတည် ပြုခြင်း၊ ကမ္ဘာ့အ မွေ အနှစ်ကော်မတီအကြံပေးအဖွဲ့(ICOMOS,IUCM, ICCROM)တို့မှတင်သွင်းသော အစီရင် ခံစာများကိုသုံးသပ်ဆွေးနွေး၊ အတည်ပြုခြင်း၊ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ပြီသောအမွေအနှစ်များ နှင့် ပတ် သက်၍ သက်ဆိုင်ရာ နိုင်ငံတို့မှ တင် သွင်း သောထိန်းသိမ်းကာကွယ်မှု အစီ ရင်ခံ စာ များ၊အကြံပေးအဖွဲ့တို့မှ လေ့ လာ သုံး သပ်မှုပြုသည့် အစီရင်ခံစာများကို သုံးသပ် ဆွေးနွေးအတည်ပြုခြင်း၊၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ်သတ်မှတ်ရန် တင်ပြ စာတွဲများ(Nomination Dossiers) အား ဝေဖန်ဆွေးနွေးသုံးသပ်ပြီး အတည်ပြု /မပြုဆုံးဖြတ်ချက်ချခြင်း၊ကမ္ဘာ့ အမွေ အနှစ် ကော်မတီ၊ကမ္ဘာ့အမွေ အနှစ်ဗဟို အဖွဲ့၊အကြံ ပေးအဖွဲ့ တို့နှင့် ပတ်သက်သော စီမံ ခန့်ခွဲ မှု၊အုပ်ချုပ်မှုနှင့်ဘဏ္ဍာရေး ဆိုင် ရာ ကိစ္စ ရပ်များကို သုံးသပ်ဆွေး နွေး အ တည် ပြုခြင်း ၊ကမ္ဘာ့အမွေအနှစ် ကွန်ဗင်း ရှင်းနှင့် အညီ ဆက်လက် အကောင်အထည် ဖော် ဆောင် ရွက်မည့် လုပ်ငန်းစဉ်တို့အားသုံးသပ် ဆွေးနွေးအတည်ပြုခြင်းတို့ကိုအစည်းအ ဝေး တွင် ဆောင်ရွက်သည်။

အစည်းအဝေး၏ ဒုတိယမြောက်နေ့တွင်ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယဉ်ကျေးမှု
ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင် ဦး ဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊သံရုံးဝန်ထမ်းများပူးပေါင်းပြီး ကမ္ဘာ့အမွေ အနှစ်ကော်မတီအစည်းအဝေးမှအတည်ပြု ဆုံးဖြတ်သတ်မှတ်ပေးမည့် ပျူမြို့ဟောင်းများ (ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တရာ)၏ ကမ္ဘာ လုံးဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်၊ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာထိန်းသိမ်းကာကွယ် စောင့်ရှောက်နေမှုနှင့် စီမံ ခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ ရှင်းလင်းတင်ပြမှုများကို ယူနက်စကို အဖွဲ့မှတာဝန်ရှိသူများ၊ကမ္ဘာ့အမွေအနှစ်ကော် မတီဝင်များ၊ ICOMOS,IUCM, ICCROM အကြံ ပေးအဖွဲ့ဝင်များ၊ ကမ္ဘာ့အမွေအနှစ် ဗဟို အဖွဲ့ မှ တာဝန်ရှိသူများ၊ ယူနက် စကို အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များ နှင့် ယူနက်စကိုအဖွဲ့ဝင်နိုင်ငံများ၏ အမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီးများမှ ရှင်းလင်းမိတ်ဆက် တင်ပြမှုများ ကိုမှတ်တမ်း တင်၍၂၀၁၄ခုနှစ်ဇွန်လတွင်ကျင်းပပြုလုပ် မည်ဖြစ်သော(၃၈)ကြိမ် မြောက် ကမ္ဘာ့အမွေ အနှစ် ကော်မတီအစည်းအ ဝေးတွင် ပျူမြို့ ဟောင်းများ(ဟန်လင်း၊ဗိဿနိုး၊သရေခေတ္တ ရာ)အားကမ္ဘာအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခြင်းကိုဆုံးဖြတ်ချက်ချအ တည် ပြု ခြင်းသတ်မှတ်ပြဌာန်းခြင်းတို့ကိုဆောင် ရွက် ရမည်ဖြစ်ကြောင်းသိရသည်။
အသေး စိတ် ရှင်း လင်း တင်ပြ မိတ်ဆက်မှု များ ပြီး နောက် အစည်းအဝေး တက်ရောက် လာသူတို့အားမြန်မာ့ရိုးရာ အစား အသောက် များဖြင့်ဧည့်ခံကျွေးမွေးခြင်း၊
မြန်မာ့ယဉ်ကျေးမှုဆိုင်ရာစာအုပ်စာတမ်းများ၊ပျူမြို့ဟောင်း များနှင့် သက် ဆိုင်သော စာ အုပ် စာတမ်းများ၊လက်ကမ်း စာ စောင် များ ၊မြန်မာမှုလက်ရာပစ္စည်းများကိုလေ့ လာ မှု ပြုနိုင်ရန် မိတ်ဆက် ဖြန့်ဝေခြင်း ပြု လုပ် ခဲ့ သည်။

အစည်းအဝေးတက်ရောက်သည့် ယဉ်ကျေးမှု ၀န်ကြီးဌာနဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်၊ ရှေး ဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင် တို့ သည် ဇွန် လ (၂၀) ရက်နေ့တွင်မြန်မာနိုင်ငံသို့ ပြန် လည်ရောက် ရှိသည်။ အစည်းအဝေးကျင်းပမှုကို ဆက်လက်တက် ရောက်ရန် ကျန်ခဲ့သည့် ရှေးဟောင်း သုတေ သနနည်းပညာသင်တန်းကျောင်းကျောင်း အုပ်ကြီးဦးဝင်းကြိုင်နှင့် ရှေး ဟောင်း သု တေ သန၊အမျိုးသားပြတိုက်နှင့်စာ ကြည့် တိုက်ဦး စီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော် ဦး တို့သည် ဇွန်လ(၂၂) ရက်နေ့ တွင် မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိ ကာ၊ ကျန်ရှိ နေ့သောအစည်းအဝေးရက် များကို အဖွဲ့ဝင် အဖြစ်လိုက်ပါခဲ့သော သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနနည်းပညာတက္ကသိုလ်(မန္တလေးမှ ပါမောက္ခဒေါက်တာစုစုမှတက်ရောက်လျက်ရှိသည်။
(၃၇)ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီ အ စည်း အဝေးကို ကမ္ဘောဒီယားနိုင်ငံ ဖနွမ်း ပင်မြို့၌ ဇွန် လ(၁၆) ရက် နေ့ မှ (၂၇) ရက် နေ့အထိကျင်းပမှုကိုမြန်မာနိုင်ငံမှ ကိုယ်စား လှယ် အဖွဲ့ တက် ရောက်ခဲ့မှုများကို သတင်း ရေးသားဖော်ပြလိုက် ရပါသည်။

No comments:

Post a Comment