Ministryofculture Culturemyanmar
************************************************************
ပုဂံဒေသ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ၁၉၉၈ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်၊ ရှေးေ...ဟာင်းနေရာတည်ရှိရာဇုန်နှင့်ကာကွယ်ထိန်းသိမ်းထားသောဇုန်
အဖြစ် သတ်မှတ်ထားရှိပါသည်။ အဆိုပါ ဧရိယာအတွင်း၌ ရှေးဟောင်းအဆောက်အုံများတည်ရြှိ ခင်း၊ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ မြင်ကွင်းကို ထိခိုက်ပျက်စီးစေနိုင်ခြင်းကြော င့် ၁၉၉၉ခုနှစ်ကတည်းက ဥပဒေအရ ဇုန်အဖြစ်သတ်မှတ်ခဲ့သည်။မည်သည့် တည်ဆောက်မှုမျိုးကိုမှ ခွင့်မပြုပဲ ကန့်သတ်ထိန်းသိမ်းထားသော နေရာဖြစ်ပါသည်။ယဉ်ကျေးမှုအမွေအနှ စ်ဒေသများ ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံအသစ် ဆောက်လုပ်ခြင်း၊၀င်းခြံခတ်ခြင်း ၊စည်းရိုးကာနယ်နိမိတ်တိုးချဲ့ခြ င်း တို့ကို ဆောင်ရွက်မှုပြုမည်ဆိုပါလျှင်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်း သုတေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရန် ဖော်ပြထားရှိပြီး နည်းဥပဒေ ပုဒ်မ ၁၈တွင်လည်း လျှောက်ထားရမည့် ပုံစံများ သတ်မှတ်ပြဠာန်းထားပြီး ဖြစ်ပါသည်။
ယာမြေကို ဆောင်ရွက်ရန်ပိုင်ရှင်ရှိသူများ အနေဖြင့်လည်း အဆောက်အဦးဆောက်လုပ်လိုပါက လယ်ယာမြေမှ အပ အခြားနည်းဖြင့် အသုံးပြုခွင့်ကို သက်ဆိုင်ရာ မြို့ပြစီမံအုပ်ချုပ်ရေး အဖွဲ့များထံတွင် ခွင့်တောင်းပြီးမှသာ ဆောက်လုပ်သင့်ကြောင်း တိုက်တွန်းမှု ပြုအပ်ပါသည်။
ယနေ့ယခုအချိန်အခါသည် လွတ်လပ်၍တရားမျှတသော ဒီမိုကရေစီအခွင့်အရေးများနှင့် အတူ တရားဥပဒေစိုးမိုးရေးစံနူန်းများ ဖြင့် နိုင်ငံတော်ကြီးကို တည်ဆောက်ရင်း ခရီးရှည်ချီတက်နေသောကာလဖြစ်သည့် အလျှောက် ပုဂံ၊ညောင်ဦး၊ယဉ်ကျေးမှုဇုန်အတွ င်း အဆောက်အဦးတည်ဆောက်လိုသူ မည်သူမဆို(မည်သူမဆို) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စံနူန်းများ၊တရားဥပဒေစိုးမိုးရေး စံနူန်းများဖြင့် လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ခွင့်ပြုချက် ရယူခြင်းမရှိပဲ ဆောင်ရွက်နေမှုများကိုတွေ့ရှိပါက ဆောက်လုပ်နေမှုကို ရပ်ဆိုင်းစေခြင်း၊ဥပဒေနှင့်အညီ တရားစွဲဆိုမှု ပြု၍ ပြစ်ဒဏ်ခံယူစေခြင်းများကို ဆောင်ရွက်မှုပြုသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၊စီးပွားရေးလုပ် ငန်းရှင်များနှင့် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အဦးအသစ်များ တည်ဆောက်ခြင်း၊၀င်းခြံများကာရြံ ခင်းများနှင့် ပတ်သက်၍ ကြိုတင်လျှောက်ထားမှုပြု၊ခွင့်ပြုချက်ရရှိပြီးမှ သာ ဆောင်ရွက်ကြပါရန် အသိပေးနိုးဆော်လိုက်ပါသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန
ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်း
ယာမြေကို ဆောင်ရွက်ရန်ပိုင်ရှင်ရှိသူများ
ယနေ့ယခုအချိန်အခါသည် လွတ်လပ်၍တရားမျှတသော ဒီမိုကရေစီအခွင့်အရေးများနှင့် အတူ တရားဥပဒေစိုးမိုးရေးစံနူန်းများ
ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသန၊အမျိုးသားပြတု
No comments:
Post a Comment