Thursday, May 2, 2013

ရက်နေ့အထိ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေ သနလုပ်ငန်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့်ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တို့မှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များပူးပေါင်းဆောင်ရွက်





မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိဧရာဝတီမြစ်ကမ်းဆင့်နှင့်ပုံတောင် ပုံညာဒေသတို့တွင် (၂၀၁၃) ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်နေ့မှဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေ သန လုပ်ငန်း များကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့်ဂျပန်နိုင်ငံကျိုတိုတက္ကသိုလ်တို့မှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် များပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြန်မာ-ဂျပန် ကျောက်ဖြစ်ရုပ်ကြွင်း ကွင်းဆင်းရှာဖွေရေးအဖွဲ့သည် ဆိပ်ဖြူမြို့ နယ်၊ ဂွေးပင်ကျေးရွာအနီး ရှိ ဂွေးပင် ကျစ်ချောင် (Gbn 1) မှ ပရိုင်းမိတ် အပေါ် အံသွား(၁)ချောင်း၊ဆိပ်ဖြူမြို့ နယ်၊ထန်းပင်ချောင်းကျေးရွာအနီးရှိ ပိတ်စွယ် ကျစ်ချောင်( Psw 1) မှ ပရိုင်းမိတ်အပေါ်အံသွား(၁)ချောင်း၊ ပေါက်မြို့နယ် ချိုင်စောက်ကျေးရွာ အနီးရှိ ချိုင်စောက် ကျစ်ချောင်( Chz 30) မှ အပေါ်စွယ် သွား(၁)ချောင်းတို့ကို စုဆောင်းရရှိခဲ့သည်။ 
ဧရာဝတီကျောက်လွှာစုမှလည်း အခြားနို့တိုက်သတ္တ၀ါများ ဖြစ်သော ရှေးဦး ကြံ့၊ရှေးဦးဆင်၊ရှေးဦး ကျွဲ၊ နွား၊ တွားသွားသတ္တ၀ါ များ၊ရှေးဦးရေမြင်း၊ကြွက်၊ရှဉ့်၊ယုန်၊အသားစားသတ္တ၀ါများ၊ရှေးဦး ၀က် စသည့်တို့၏ ကျောက်ဖြစ် ရုပ်ကြွင်း စုစုပေါင်း (၃၇၇)ခုကို စု ဆောင်းရရှိခဲ့သည်။
ယခင်က ပေါက်မြို့နယ်၊ချိုင်စောက်ဒေသတွင် တွေ့ရှိခဲ့ရသည့် ပရိုင်းမိတ်မျိုး စိတ်သစ်၏ အပေါ်စွယ်သွားကိုထပ်မံ တွေ့ရှိခဲ့မှုမှာ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်း ရှာဖွေရေးအဖွဲ့၏ အောင်မြင်မှုပင်ဖြစ်သည်။
ဧရာဝတီကျောက်လွှာစုမှ ရှာဖွေတွေ့ရှိသော ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း များအားလုံးသည် ကိုလိုဗိုင်းမျိုးစုများဖြစ်ကြပြီး စီမီနိုပိသိကပ်မျိုးရင်း (Semnopithecus)နှင့် မျိုးရင်းအသစ်များ(new genus) ဖြစ်သည်။ယခုတွေ့ရှိမှုများသည် ပလိုင်အိုဆင်း အချိန်ကာလ(လွန်ခဲ့သော နှစ်ပေါင်း၃ သန်းခန့်)တွင် အရှေ့တောင်အာရှနယ်မြေတွင် ကိုလိုဗိုင်း ပရိုင်းမိတ် မျိုးနွယ်စုများ စတင်ရှင်သန်ပေါက်ဖွားနေထိုင်လာမှုများကို သက်သေပြနိုင်သည့် အရေး ပါသော အချက်ဖြစ်ကြောင်း သိရှိရသည်။



ဓါတ်ပုံများ 

Post By KoArKarKyaw

No comments:

Post a Comment