Tuesday, April 9, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်း အနားတွင် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များအဖြစ် ပါဝင်ဆောင် ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခြင်း




၁။(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား

တွင် နိုင်ငံအသီးသီးကိုယ်စားပြုဆိုင်းဘုတ်ကိုင် အမျိုးသမီး ၁၁ ဦးနှင့် ပိတ်
ပွဲအခမ်းအနားတွင် အားကစားနည်း ၃၃ နည်း ကိုယ်စားပြုဆိုင်းဘုတ်ကိုင်
အမျိုးသမီး ၃၃ ဦးကို Volunteer ကိုယ်တိုင် ဆန္ဒပြုသူ အဖြစ် ရွေးချယ်တာ
ဝန်အပ်နှင်းရန်ရှိပါသည်။
၂။မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အလှည့်ကျဆောင်ရွက်သော အားကစား
ပြိုင်ပွဲ ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
လူငယ်၊လူရွယ် မြန်မာမိန်းမပျိုလေးများ ပါဝင်ဆောင်ရွက်စေရန် စေတနာ
ဖြင့် ဖိတ်ခေါ်ခြင်းဖြစ်ရာ ဆိုင်းဘုတ်ကိုင်အမျိုးသမီးငယ်များအဖြစ် Volunteer ဆောင်ရွက်ရန် စိတ်ဝင်စားသူ အမျိုးသမီးငယ်လေးများသည်
လိုအပ်သောအရည်အချင်းများနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှု
ရေး၊ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် အမျိုးသမီးရေးရာအဖွဲ့များသို့ လူကိုယ်
တိုင်သွားရောက်ဆက်သွယ်၍ စာရင်းသွင်းအရွေးချယ်ခံရန် ဖိတ်ခေါ်ပါသည်။
(က)မြန်မာတိုင်းရင်းသူဖြစ်ရမည်။
(ခ)ရုပ်ရည်ပြေပြစ်ချောမောသူ အပျိုဖြစ်ရမည်။
(ဂ)ခန္ဓာကိုယ်အချိုးအစားပြေပြစ်သူဖြစ်ရမည်။
(ဃ)အရပ်၅ပေ၄လက်မရှိရမည်။
(င)အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းဖြစ်ရမည်။
(စ)တက္ကသိုလ်ကျောင်းသူ(သို့)ဘွဲ့ရရှိသူဖြစ်ရမည်။
(ဆ)အင်္ဂလိပ်ဘာသာစကားအသင့်အတင့်ပြောဆိုနိုင်သူဖြစ်ရမည်။
(ဇ)မြန်မာဆန်သောအသားအရောင်ရှိရမည်။
(ဈ)ဆံပင်အနက်ရောင်ဖြစ်ရမည်။
(ည)လှယဉ်ကျေးမယ် ၀တ်စုံဖြင့် (၁)လအတွင်းရိုက်ကူးထားသော (၆x၄)
လက်မအရွယ်ရှိ ကိုယ်လုံးပေါ် ဓါတ်ပုံတစ်ပုံ၊ဘေးစောင်းတစ်ပုံနှင့်(၆x၄)
လက်မအရွယ် ရှေ့တည့်တည့်မှ ရိုက်ကူးထားသော ကိုယ်တစ်ပိုင်းပုံ တစ်ပုံ။
 
၃။လာရောက်ဆက်သွယ်သူ လူငယ်ကျောင်းသူလေးများကို စာရင်းမှတ်တမ်း
သွင်း၍ လိုအပ်သလိုကူညီမှုပေးပါရန် သက်ဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့
သို့ မေတ္တာရပ်ခံအပ်ပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန

No comments:

Post a Comment