ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေသည် (၂-၄-၂၀၁၃) ရက်
နေ့ နံနက်ပိုင်းတွင် ၊မြန်မာမှုဗိသုကာ ပညာရှင် တမ္မ၀တီဦးဝင်းမောင်၊ သုတေ သီစာရေးဆရာ ဆရာဝန်တင်မောင်ကြည်၊The Association of Siamese Architecs under Royal Patronage မှ ဒုတိယအဖွဲ့ခေါင်းဆောင် Myint Hsan Heart (Micky Heart)၊မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနခွဲမှူး ဦးစထွန်းကြည်၊ရှေးဟောင်းသုတေသန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ ညွှန်ကြား
ရေးမှူးဦးဇော်ဦးဟန် နှင့် ဌာန၀န်ထမ်းများ ကို မန္တလေးတိုင်းဒေသကြီး ရှိ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) တွင် တွေ့ဆုံသည်။
တွင် ရှိသော ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော် သုတေသန ပြုလုပ်ရာမှ
ရရှိသော ပစ္စည်းများဖြစ်သည့် မှန်စီရွှေချ သပိတ်ပုံအရိုးအိုးတစ်လုံး နှင့်
ဆက်စပ်ပစ္စည်းများကို ကြည့်ရှုလေ့လာ ကြသည်။
သပိတ်ပုံ အရိုးအိုးသည် စဉ့်ဖြင့် ပြုလုပ်ထားပြီး မှန်စီရွှေချသစ်စေးသရိုးကိုင်
ထားကြောင်း၊အရိုးအိုး၏ အဖုံးသည် အိုးအတွင်းကျွံကျလျက်ရှိပြီး အခြယ်
အလှယ်များပါသော မှန်ချပ်များနှင့်အတူပူးတွဲတွေ့ရှိခဲ့ရပါကြောင်း၊ အိုးအတွင်း
ကျွံဝင်နေသော အဖုံးအား မူလလက်ရာမပျက် ပြန်လည်ထုတ်ယူနိုင်ရန်
အတွက် ဓါတုဗေဒထိန်းသိမ်း နည်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်
ကြောင်း၊အဖုံးအောက်မှ အရိုးအိုးအတွင်းရှိ ပစ္စည်းများသည် မည်သို့သော
ပစ္စည်းများ ဖြစ်သည်ကို သိရှိနိုင်ရန် သုတေသနပြုရမည် ဖြစ်ကြောင်း
ပြုလုပ်ခဲ့ကြောင်း သတင်းဖော်ပြလိုက်သည်။
News by KoArkar Kyaw
No comments:
Post a Comment