ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်သည်မတ်လ(၃၀) ရက်နေ့တွင်
တောင်တွင်းကြီးမြို့နယ် အင်းရွာကြီးကျေးရွာနှင့် ကုက္ကိုခွ ကျေးရွာများသို့
သွားရောက်ခဲ့ပြီး ဒေသခံ လူထုနှင့် တွေ့ဆုံသည်။ ထိုသို့
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ၊ခရိုင်အုပ်
ချုပ်ရေးမှူးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင် မှဆွေးနွေးပြောကြား
ရာတွင်“မြန်မာနိုင်ငံတွင်ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်ယဉ်ကျေးမှု များ အဆင့်အဆင့် ထွန်းကားခဲ့ပြီးနောက်ယဉ်ကျေးမှုအဆင့်အတန်းပိုမိုမြင့်မားသော မြို့ပြနေထိုင်မှုစနစ်စတင်ပေါ်
ထွန်းလာသည့် ပျူခေတ်
၏ အစောဆုံးသော မြို့ပြများဖြစ်ကြသည့် ဟန်လင်း၊ဗိဿနိုး၊သရေခေ တ္တရာမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်းယဉ်ကျေးမှုဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်
လျက်ရှိနေပါကြောင်း၊ဗိဿနိုးမြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအ မွေအနှစ်များသည် မိမိတို့၏ ဒေသခံတို့၏ မြန်မာနိုင်ငံအတွက်သာမက
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည်အထိ ကမ္ဘာမှာပါ အဖိုးမဖြတ်နိုင် အောင်တန်ဖိုးကြီးမားကြောင်း၊ထိုတန်ဖိုးရှိသော ရှေးဟောင်းအမွေအ နှစ်များ မပျောက်မပျက်မဆုံးရှုံးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် ဒေသခံပြည်သူလူထုများမှ မိမိတို့၏ ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ပူးပေါင်းပြီး တာဝန်သိသိ စည်းကမ်းရှိရှိ ၀ိုင်းဝန်းလက်တွဲ ထိန်းသိမ်း
စောင့်ရှောက်ပေးစေလိုပါကြောင်း၊ဗိဿနိုးဒေသအား ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ဖြစ်ပြီးသည့်နောက် ဒေသ၏ ဂုဏ်သတင်း ထင်ရှားကျော် ကြားလာမည် ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များ ပိုမိုများပြားလာရောက်ကြမည်ဖြစ်ကြောင်း၊ထိုအခါ ဒေသခံပြည်သူ
လူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် လာမည်
ဖြစ်၍ လူနေမှုဘ၀ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း” ရင်းနှီးပွင့်လင်းစွာ
တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့မှတဆင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်သည်ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်
အတွင်း ခင်းကျင်းပြသထားရှိမှု၊
တူးဖော်ရေးကုန်းများ ထိန်းသိမ်းထားရှိမှု နှင့် ကုန်းအမှတ်(၂၈) ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဝတ္တုပစ္စည်းများအား ဓါတုဗေဒနည်း
ဖြင့် ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုခြင်း၊စစ်ဆေး ခြင်းများပြုလုပ်ခဲ့ပြီး တာဝန်ခံ အရာရှိများနှင့် တာဝန်ကျဝန်ထမ်းများ အား စစ်ဆေးမှုများမှ တွေ့ရှိသော အချက်အလက်များနှင့် ဆက် လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မှာကြားသည်။
5.4.2013
News By KoArkarKyaw

No comments:
Post a Comment