ရခိုင်ပြည်နယ်
မြောက်ဦး ဒေသရှိ အရှေ့ မြတန်ဆောင်း အရံ စေတီနှင့် ငွေထီးဆောင်း စေတီ
တို့အား အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ထိန်းသိမ်း ပြုပြင်ရန်
ပေါင်းမြက်များ ရှင်းပြီး ပြိုကျ နေသော အုတ်များကို ဖယ်ရှား ၍ အောက်ခြေပတ်
လည် သဲခဲ တူးဖော်မှု လုပ်ငန်း ဆောင်ရွက် နေစဉ် အတွင်း ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ
၂၈ရက်က အရှေ့ မြတန်ဆောင်း အရံစေတီ၏ အနောက်ဘက် အောက်ခြေမှ အမြင့် ၁လက်မစီ
ရှိသော မြောက်ဦးခေတ် ဌာပနာ ဘုရား အဆူ ၈ဝ အား တွေ့ရှိခဲ့သည်။
အေဒီ ၁၄၃ဝ ပြည့်နှစ်တွင် ဘုရင်မင်း
စောမွန် တည်ထား ကိုးကွယ်ခဲ့သည့် မြောက်ဦးမြို့တည် ဘုရားများ အနက် တစ်ဆူ
အပါအဝင် ဖြစ်သည့်
အရှေ့မြ တန်ဆောင်း အရံ စေတီမှာ မြောက်ဦး နန်းတော်ကုန်း ၏
မြောက်ဘက် မိုင်ဝက်ခန့် အကွာ အဝေး၌ တည်ရှိသည်။ ဌာပနာ ဘုရားများမှာ ခဲဖြင့်
သွန်းလုပ်ထားပြီး ဆင်းတုတော် များ၏ မုဒြာများမှာ ဘူမိဖဿ မုဒြာများ
ဖြစ်ကြသည်။ စေတီ တစ်ခုလုံးမှာ ပြိုကျလျက် ရှိပြီး မူလ ပုံသဏ္ဌာန် အတိုင်း
ပြန်လည် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြိုကျသော အုတ်များကို
အောက်ခြေတွင် ဖယ်ရှား ရှင်းလင်းစဉ် စေတီ၏ အနောက်ဘက် ကပ်လျက် အုတ်ပုံများ
အကြားမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မြောက်ဦး ရှေးဟောင်း သုတေသန
ပြတိုက် တွင် ခေတ္တ သိမ်းဆည်း ထားကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment