နှစ်ပေါင်း(၁၅၅) နှစ်နီးပါးရှိ မန္တလေးနန်းမြို့ရိုး အနောက်ဘက် ကျုံးရေပြင်ဖြတ်သော ကြေးမုံအ၀င် အထွက် ပေါက်တံတား (အာဠ၀ီတံတား) ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာ၂၅ ရက်နေ့မှ စတင်ကာဆောင်ရွက်လျက် ရှိသည်။အဆိုပါတံတားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များ ကို စတင်ဆောင်ရွက်နေပြီ ဖြစ်သဖြင့် တံတားပြုပြင်ရေး ဆောင် ရွက်ရာမှာ အန္တရာယ်ကင်းရှင်းဖို့အတွက် ယာဉ်အသွား အလာ ခေတ္တပိတ်ထား ပါသည်။ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှတာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်ပြီး တံတားကြီးကြံ့ ခိုင်ကောင်းမွန်ရေး အ တွက် ကိုတော့ မန္တလေးတိုင်း ဒေသကြီး အစိုးရရဲ့ အစီစဉ်များနဲ့ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။
No comments:
Post a Comment