Friday, August 17, 2012

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ရှေးပျူမြို့ဟောင်း(၃)မြို့ ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်လျက်ရှိ

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ရှေးပျူမြို့ဟောင်း(၃)မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း
ရန်အတွက် Nomination Dossier ရေးဆွဲသည့် လုပ်ငန်းများ များစွာ ခရီး ရောက်နေပြီ ဖြစ်သည်။ သတ်မှတ်ပုံစံတွင်အချက် အလက်ဖြည့်သွင်းရာတွင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးညွှန့်ဟန် နှင့် UNESCO မှ ပညာရှင်များကလည်းဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။ယဉ်ကျေးမှုဝန်ကြီးဌာ နဒုတိယ ၀န်ကြီးသည် လည်း ရှေးပျူမြို့ ဟောင်း(၃)မြို့ အနက် (၁)မြို့ ဖြစ်သည့်ဟန် လင်း မြို့ဟောင်းသို့ ဇူုလိုင်လ အတွင်းကွင်းဆင်း၍ ဟန်လင်း ဒေသမှ မြို့မိမြို့ဖ များနှင့် တွေ့ဆုံ ရှင်းလင်း ဆွေး နွေး ခဲ့ရာ သဘောတူညီ မှုရရှိခဲ့ကြောင်းလည်း သိရသည်။ရှေးပျူမြို့ (၃)မြို့ကိုကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း နိုင်ရေးအတွက် အောင်မြင်မှု ရရှိနိုင်ကြောင်းသိရသည်။ UNESCO မှ ညွှန်ကြားရေးမှူးချုပ်မစ္စအီရီနာဗိုကိုဗာသည်ယခုလအစောပိုင်း တွင်ယဉ်ကျေးမှုဝန်ကြီး ဌာနပြည်ထောင်စ၀န်ကြီး၊ဒုတိယ၀န်ကြီး၊ညွှန်ကြားရေးမှူးချုပ်များနှင့် တွေ့ဆုံခဲ့ပြီး ၊ရှေးဟောင်း ပျူမြို့ ဟောင်း(၃)မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင် သွင်းနိုင်ရေး အတွက်များစွာကူ
ညီပေး မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
၈.၈.၂၀၁၂ ရက်နေ့ က ယူနက်စကိုညွှန်ကြားရေမှူးချုပ် HE.Ms.Irina Bokova ဦးဆောင်သည့် အဖွဲ့ ပုဂံဒေသလေ့ လာရေး ခရီးစဉ် အပြီး ရှေးဟောင်းသုတေသန၊အမျိုးသား ပြတိုက် နှင့် စာကြည့် တိုက်ဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် မှပုဂံမြို့ရှိသီရိပစ္စယာဟိုတယ်တွင်ညစာစားပွဲဖြင့်တည်းခင်း ဧည့်ခံခဲ့ သည်။
ညစားသုံးဆောင်နေချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အတီးပညာရှင်များ၏ တီးခတ် မှု နှင့် အတူ မြန်မာ့ အက အလှ ကို အနုပညာဦးစီးဌာန မှ အကပညာရှင်များမှ ဖျော် ဖြေ တင် ဆက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
UNESCO မှ ညွှန်ကြားရေးမှူးချုပ် မစ္စ အီရီနာဗိုကိုဗာသည် မြန်မာ့ ဆိုင်းဝိုင်းတီးခတ်သည့်ပညာ၊ရုပ်
သေးကြိုး ဆွဲ ပညာ နှင့် မြန်မာ့သနပ်ခါး လိမ်းခြယ်သည့်ဓလေ့တို့ကိုလည်း များစွာ နှစ်သက်ပြီး စိတ်ဝင်တ စား လေ့ လာခဲ့ကြောင်း သိ ရ သည်။

No comments:

Post a Comment