ကရင်ပြည်နယ်၊ဘားအံမြို့နယ် ကော့ဂွန်းကျေးရွာအနီးတွင်တည်ရှိသည့် ကော့ဂွန်းဂူသည်သဘာဝ ကျောက်
လိုဏ်ဂူ အမျိုးအစား တစ်ခုဖြစ်ပြီး ဂူအတွင်း မွမ်းမံ တန်ဆာ ဆင် ထားသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာ အုတ်ခွက်ဘုရားများကြောင့် ထင်ရှားပေသည်။
မြေမီးဖုတ်အုပ်ခွက် ရုပ်ပွားတော်များကို ကော့ဂွန်းဂူအတွင်းနံရံမျက်နှာပြင် တစ်လျောက် စီတန်း၍ ကပ် ထားခြင်းနှင့် မူရင်းသဘာဝသုံး ကျောက်နံရံ မျက်နှာပြင်ကို ထွင်းထုပုံဖော်ထားပြီး အုတ် ခွက်ရုပ် ပွားတော် များ၏ အတိုင်းအတာမှာ (၃လက်မ၊ ၃.၅လက်မ၊ ၄လက်မ၊၆လက်မ၊၈လက်မ)အား ဂူအတွင်း နံရံမျက်နှာပြင် ဧရိယာ တစ်လျောက်မွမ်းမံကပ်၍ တန်ဆာဆင်ထားသည်။
အဆိုပါ ကော့ဂွန်းဂူကို AD (19)ရာစုအစောပိုင်းကပင် ရှေးဟောင်းသုတေသန ပညာရှင်များ ကွင်းဆင်း သုတေသနပြုခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီး ဌာန(၁၉၅၈)ခုနှစ်ကစတင်၍ တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဓာတုဗေဒထိန်းသိမ်းရေး ကျွမ်းကျင်ဝန်ထမ်းများအဖွဲ့သည် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်း၊အင်ဂျင်နီယာနည်းပညာဖြင့် ထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒဆေးဝါးများဖြင့် ကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိသည်။
ကော့ဂွန်းဂူရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ် အတွက်
(၁)ကော့ဂွန်းဂူအတွင်းရှိရှေးဟောင်းအုတ်ခွက်ရုပ်ပွားတော်များအား ဓာတုဗေဒ ဆေးဝါး များအသုံးပြု၍ သ တိပေး ဆိုင်းဘုတ်များ ပြုလုပ်ခြင်းနှင့် မွမ်းမံခြင်းတို့ အတွက်ဘဏ္ဍာရေးခွင့်ပြုငွေ (ကျပ်) ၅၀၀၀၀၀၀/ိ-
(၂)ကော့ဂွန်းဂူ သမိုင်းကြောင်း ဆိုင်းဘုတ်(မြန်မာ/အင်္ဂလိပ်) စိုက်ထူးခြင်းအတွက် ဘဏ္ဍာရေး ခွင့်ပြုငွေ (ကျပ်) ၁၁၉၀၀၀၀/ိ-
(၃)၂၀၁၂-၂၀၁၃ တွင် ကော့ဂွန်းဂူအတွင်းရှိရှေးဟောင်းအုတ်ခွက်ရုပ်ပွားတော်များအား ဓာတုဗေဒဆေး ၀ါးများ အသုံးပြု၍ သန့်စင်ထိန်းသိမ်းခြင်းအတွက် နိုင်ငံတော်မှ ဘဏ္ဍာရေး ခွင့်ပြုငွေ (ကျပ်) ၅၀၀၀၀၀၀/ိ-
ကုန်ကျစရိတ်များဖြင့် နှစ်စဉ်ပြုပြင် မွမ်းမံထိန်းသိမ်းခဲ့သည်။
ကော့ဂွန်းဂူနှင့် အနီးရှိ ရသေ့ပျံဂူတို့ကို ဌာနမှ အစောင့်ဝန်ထမ်းပါ ခန့်ထားပြီး ပြုပြင်ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည်။
ထို့အပြင် ကော့ဂွန်းဂူအား မြန်မာ့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဥပဒေအရ ဇုန်သတ်မှတ်၍လည်း
ကာကွယ်ထိန်းသိမ်းလျက်ရှိပါသည်။
ဒေသနေပြည်သူများသည်လည်းမြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို သိရှိနားလည်မှသာ ပူးပေါင်း ထိန်း သိမ်း ရန်လည်း ပန်ကြားအပ်ပါသည်။ပျောက်ဆုံးပျက်စီးမှုများရှိပါကလည်း ဒေသခံ ပြည်သူများလည်း များ စွာ စိတ်မကောင်းဖြစ်ရုံမျှ မက မိမိဒေသနေလူထုသည်လည်း ဂုဏ်သိက္ခာ များစွာ ထိခိုက်နိုင်ပါသဖြင့်
အတူတကွ ပူးပေါင်း၍မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ပူးပေါင်းထိန်းသိမ်းဖို့ တင်ပြရင်း အ သိပေး နိုးဆော်အပ် ပါသည်ခင်ဗျာ။

No comments:
Post a Comment