Thursday, June 20, 2013

တစ်ဆက်စပ်တည်းသော မြန်မာသမိုင်းပေါ်ထွက်လာရေး စည်းဝေး






ယဉ်ကျေးမှုဝန်ကြီးဌာန၊သမိုင်းသုတေသနဦးစီးဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော တစ်ဆက်
တစ်စပ်တည်းသော မြန်မာသမိုင်းပေါ်ပေါက်လာရေးအတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်...သော
"မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၄-၁၉၈၈)" ကိုသုတေသနစာအုပ်အဖြစ် ပြုစုရေး
သားရေး အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဇွန်လ (၁၄)ရက်နေ့ နံနက် ၁၀နာရီ တွင် ရန်ကုန်မြို့
အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနဦးစီးဌာန မြန်မာသမိုင်းအဖွဲ့ အစည်းအဝေးခန်းမတွင်
ကျင်းပသည်။

အစည်းအဝေးသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယ၀န်ကြီး ဦးသန်းဆွေ ၊မြန်မာသမိုင်းအဖွဲ့ဝင်များ
ပြင်ပပညာရှင်များနှင့် သမိုင်းသုတေသနဦးစီးဌာန ၀န်ထမ်းများ တက်ရောက်ကြသည်။

News by U Arkarkyaw

No comments:

Post a Comment