Tuesday, January 8, 2013

ဒုတိယသမ္မတဦးဥာဏ်ထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စင်ကျန်း အဆို၊ အက အနုပညာ အဖွဲ့တို့၏ ပူးပေါင်းဖျော်ဖြေ တင်ဆက်မှုအား တက်ရောက်ကြည့်ရှု အားပေး

နေပြည်တော် ဒီဇင်ဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စင်ကျန်း အဆို၊ အက အနုပညာ အဖွဲ့တို့၏ ပူးပေါင်းဖျော်ဖြေ တင်ဆက်မှုကို ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မ တမြန် မာ နိုင်ငံတော် ဒုတိယ သမ္မတဦးဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့် တို့ တက်ရောက်ကြည့်ရှု အားပေး သည်။

အဆိုပါ ပူးပေါင်း တင်ဆက်ပွဲသို့ ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် အတူ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
ပူးပေါင်း ဖျော်ဖြေတင်ဆက်မှု အစီအစဉ်တွင် ပျော်ရွှင်စရာ ဂုဏ်ပြုပွဲ (ဝေဂါလူမျိုးစုပေါင်း အက)၊ အမျိုးသမီးတစ်ကိုယ်တော် သီဆိုမှု၊ ဒိုးပတ်အက(မြန်မာ)၊ ပျော်ရွှင်သောလုလင် များ(ကျွမ်းဘားတင်ဆက်မှု)၊ အရောင်အသွေးလှပသော ခါးပတ်(ဝေဂါလူမျိုးတို့၏ ဟာသနှောသည့် အက)၊ ရုပ်သေးနှင့် လူ နှစ်ပါးတူအက(မြန်မာ)၊ တစ်ကိုယ်တော် တီးခတ် တင်ဆက်မှု(ဝေဂါလူမျိုး တေးဂီတ)၊ ဝေဂါလူမျိုး စုပေါင်းအက၊ စည်တိုယိမ်း အက(မြန်မာ)၊ အမျိုးသား တစ်ကိုယ်တော်သီဆိုမှု၊ ပန်းကန်လုံးရွက်အက (မြန်မာ)၊ အမျိုးသမီးတစ်ကိုယ်တော် သီဆိုမှု၊ တရုတ်တေးသီချင်း (အဆို) (မြန်မာ)၊ ဝေဂါလူမျိုး စုပေါင်းအကတို့ဖြင့် သီဆိုကပြတီးမှုတ် ဖျော်ဖြေတင်ဆက်ကြသည်။


ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးတို့က ပူးပေါင်းဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်း ပေးအပ်ကြသည်။
 
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ သည် ပူးပေါင်းဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ပူးပေါင်းဖျော်ဖြေတင်ဆက်မှု အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ (၁ )ရက်တွင် ရန်ကုန်မြို့၌ ဆက်လက်ဖျော်ဖြေ တင်ဆက်သွားကြောင်း သိရှိရသည်။

No comments:

Post a Comment