Monday, December 24, 2012

မြောင်းမြဒေသရှိ ရှေးဟောင်းအမွေအနှစ်များအားထိန်းသိမ်းရေး


ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်သည် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပုသိမ်မြို့ရှိ ယဉ်ကျေး မှုပြ တိုက် ကို ကြည့်ရူစစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိသူများအား မိမိတို့၏ ယဉ်ကျေးမှုပြတိုက်များကို တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော မျိုးချစ်စိတ် ဓါတ်ရှင်သန် ထက်မြက် ရန်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေရန်ဖြစ်သည်။

ကျောင်းသားကျောင်းသူများ ပိုမိုစိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာမှုပြုလုပ်စေနိုင်ရန် အတွက် အမျိုး ဂုဏ် ၊ဇာတိဂုဏ်နှင့် ထိန်းသိမ်းထားရှိမှုတို့ ကိုအသိပညာတိုးပွားစေနိုင် သော ဗဟုသုတဆိုင်ရာများကို ဥာဏ်စမ်း ပဟေဠိကဲ့သို့သော ပြိုင်ပွဲများကို အခါအား လျှော်စွာ ပြုလုပ်ပေးရန် ဖြစ်ကြောင်း နှင့် ပြတိုက် အခင်းအကျင်း၊ပြင်ဆင်ခြင်း၊ အဆင့်မြှင့် တင်ခြင်းတို့ကိုလည်း စေတနာရှင်ပြည်သူလူထုများ၏ ပါဝင် ကူညီ အားဖြည့်မှုများနှင့် ဆောင်ရွက်သွားနိုင်ရန်တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီးသည်ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်မြောင်းမြဒေ သ အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများကို ကုန်း သာကျေးရွာ နှင့်လပွတ်ကုလားကျေးရွာတို့တွင် တွေ့ဆုံကာ မြောင်းမြဒေသရှိရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်များကို ရှေးမူလက်ရာ မပျက် ကာကွယ်ထိန်းသိမ်းရေး နှင့် စပ်လျဉ်းပြီး အသိပညာပေးဆွေးနွေး မှုပြုလုပ်ခဲ့သည်။
ဒုတိယ၀န်ကြီး၏အသိပညာပေးဆွေးနွေးပြောဆိုမှုများမှာ -


ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် မြောင်းမြဒေသရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အ
နှစ်များ ကို ၁၉၉၉ခုနှစ်မှ၂၀၁၁ခုနှစ်အတွင်းကွင်းဆင်းတူးဖော်သုတေသနပြုခြင်းများဆောင်ရွက်ခဲ့သည်။၂၀၁၂ခုနှစ်ဖေ
ဖော်ဝါရီလ(၂)ရက်နေ့တွင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အဖြစ်သတ်မှတ်ခဲ့ပြီးဥပဒေနည်းဥပဒေ
များနှင့် အညီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက် လျက်ရှိသည်။
မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်(၄၆)ခု သတ်မှတ်ပြီး ဖြစ်ပါသော ကြောင့် အခြားဒေသများနည်းတူ ရှေးဟောင်းယဉ်ကျေးမှုအမွေအ နှစ်ဇုန် အတွင်း လိုက်နာရမည့် စည်းမျဉ်း စည်း ကမ်းများကို ဒေသခံများ က လိုက်နာ ပေးကြ ပါရန်နှင့် နိုင်ငံတော် အစိုးရနှင့်အတူ ဘက် ပေါင်းစုံမှ ၀ိုင်းဝန်းကူညီ ထိန်း သိမ်း ပေးရန် တိုက်တွန်းပြောဆိုသည်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် မူလအနေအထားအတိုင်းရှိမှ သာ တန်ဖိုး ရှိ ကြောင်းနှင့် ပိုမိုတိုးတက်ပြီးမပျက်စီးစေရေးရန်အတွက်သာမူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းရကြောင်း၊ ရှေးဟောင်း
ယဉ်ကျေးမှု အမွေ အနှစ်များကို ကြည့်ခြင်းအားဖြင့် ထို ခေတ် ၊ ထိုအခါ က မြန်မာလူမျိုး တို့၏ ဘာသာ တရား အပေါ် သက်ဝင် ယုံကြည် ကိုး ကွယ်မှု၊ စေတနာ သဒ္ဒါ တရားထက်သန်မှု၊ စာပေ၊ ဗိသုကာပညာနှင့် ပန်းဆယ် မျိုးအနုပညာများ တက်ကျွမ်းမှုစသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှု နှင့် အတူ သမိုင်းကြောင်း ရှည်လျားမှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း တို့ကို အကျယ် တ၀င့် ရှင်း လင်းပြော ကြားခဲ့သည်။


ထိုမှ တဆင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင် သည်ဧရာဝတီ တိုင်းဒေ သ ကြီး မြောင်းမြခရိုင်မြောင်းမြမြို့ နယ်မြေ ဒေသရှိ ရှေးဟောင်းမြို့ရိုး၊ ကျူံး နေရာနှင့် အုတ် ကုန်းနေ ရာ များ ၊ညောင်ဝိုင်းကျေးရွာနှင့် လပွတ်ကုလားကျေးရွာတို့ရှိ ရှေး ဟောင်း အုတ်ခင်းလမ်းများနှင့် ကိုးဆူတန်း ဘုရား တို့ကို ကြည့်ရှုစစ်ဆေးမှုများ ပြု လုပ်ခဲ့သည်။
(၁၈.၁၂.၂၀၁၂)

No comments:

Post a Comment