ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်၍ ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ယဉ်ကျေးမှုအမွေ အနှစ် ဒေသများ ကွယ်ထိန်းသိမ်း ရေး ဥပဒေ၊နည်းဥပဒေများနှင့် အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှုသမိုင်းစဉ်အရ ပျူခေတ်၊ပုဂံခေတ်၊အင်းဝခေတ်၊တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်များအဆက်ဆက်ဖြတ်သန်းခဲ့သည်။ခေတ်တစ်ခေတ်စီ၏ ယဉ်ကျေးမှုအမွေအနှစ်များအား အမျိုးသားအဆင့်အဖြစ်ထိန်းသိမ်း နိုင်ရေးဆောင်ရွက်ရာတွင် ပျူရှေးဟောင်းမြို့ (၃)မြို့ အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အတွက် ဆောင်ရွက်ခြင်း၊မန္တလေးမြို့ ရှိ ရတနာပုံခေတ် မဟာအတုလမာရဇိန် ကုသိုလ်တော်ဘုရားကြီးအား Memory of the World သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ပုဂံရှေးဟောင်း ယဉ်ကျေး မှု အမွေအနှစ်ဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက်မှုပြုပြီးပါက ယဉ်ကျေးမှုတန်ဖိုး၊ရှေးဟောင်းသုတေသနတန်ဖိုး၊သမိုင်းတန်ဖိုးနှင့် အနုပညာလက်ရာ တန်ဖိုးမြင့် မား သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများကိုလည်း အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်ဒေသများအဖြစ် ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားရှိမည့် အဆိုပါဒေသ များ၏ ယဉ်ကျေးမှု ဆိုင်ရာစီမံခန့်ခွဲမှုများကို ပြည်ထောင်စုဝန်ကြီးဌာန၏ ကြီးကြပ်၍ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေဖြင့် ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
၁.၁၁.၂၀၁၃
ဦးအာကာကျော် ....
သတင်းရေးသားဖော်ပြသည်။