|
(က)
|
ပြည်ထောင်စုဝန်ကြီး
ယဉ်ကျေးမှုဝန်ကြီးဌာန
|
ဥက္ကဋ္ဌ
|
|
(ခ)
|
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၁)
|
အဖွဲ့ဝင်
|
|
(ဂ)
|
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဃ)
|
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(င)
|
ဒုတိယဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(စ)
|
ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဆ)
|
ဒုတိယဝန်ကြီး
သာသနာရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဇ)
|
ဒုတိယဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဈ)
|
ဒုတိယဝန်ကြီး
ပညာရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ည)
|
ဒုတိယဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဋ)
|
ဒုတိယဝန်ကြီး
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(ဌ)
|
ညွှန်ကြားရေးမှူးချုပ်
နိုင်ငံတော်သမ္မတရုံး
|
အဖွဲ့ဝင်
|
|
(ဍ)
|
ညွှန်ကြားရေးမှူးချုပ်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
|
အဖွဲ့ဝင်
|
|
(ဎ)
|
ညွှန်ကြားရေးမှူးချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
|
အဖွဲ့ဝင်
|
|
(ဏ)
|
ညွှန်ကြားရေးမှူးချုပ်
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန
|
အဖွဲ့ဝင်
|
|
(တ)
|
ညွှန်ကြားရေးမှူးချုပ်
သစ်တောဦးစီးဌာန
|
အဖွဲ့ဝင်
|
|
(ထ)
|
ညွှန်ကြားရေးမှူးချုပ်
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
|
အဖွဲ့ဝင်
|
|
(ဒ)
|
ညွှန်ကြားရေးမှူးချုပ်
အနုပညာဦးစီးဌာန
|
အဖွဲ့ဝင်
|
|
(ဓ)
|
ညွှန်ကြားရေးမှူးချုပ်
သမိုင်းသုတေသနဦးစီးဌာန
|
အဖွဲ့ဝင်
|
|
(န)
|
ပါမောက္ခချုပ်
အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (ရန်ကုန်)
|
အဖွဲ့ဝင်
|
|
(ပ)
|
ပါမောက္ခချုပ်
အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (မန္တလေး)
|
အဖွဲ့ဝင်
|
|
(ဖ)
|
ပါမောက္ခချုပ်
မနုဿဗေဒဌာန
ရန်ကုန်တက္ကသိုလ်
|
အဖွဲ့ဝင်
|
|
(ဗ)
|
ဒေါက်တာတိုးလှ
ဒုတိယဥက္ကဋ္ဌ
မြန်မာသမိုင်းအဖွဲ့
|
အဖွဲ့ဝင်
|
|
(ဘ)
|
ဦးကျော်ဝင်း
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)
ယဉ်ကျေးမှုဝန်ကြီးဌာန
|
အဖွဲ့ဝင်
|
|
(မ)
|
ဥက္ကဋ္ဌ
မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး
|
အဖွဲ့ဝင်
|
|
(ယ)
|
ဥက္ကဋ္ဌ
မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး
|
အဖွဲ့ဝင်
|
|
(ရ)
|
ဒေါက်တာကျော်လတ်
ဗိသုကာပညာရှင်
မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း
|
အဖွဲ့ဝင်
|
|
(လ)
|
ဦးဆန်းဦး
ဗိသုကာပညာရှင်
မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း
|
အဖွဲ့ဝင်
|
|
(ဝ)
|
ဦးသန်းမြင့်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
|
အဖွဲ့ဝင်
|
|
(သ)
|
ဒုတိယဝန်ကြီး
ယဉ်ကျေးမှုဝန်ကြီးဌာန
|
အတွင်းရေးမှူး
|
|
(ဟ)
|
ညွှန်ကြားရေးမှူးချုပ်
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာန
|
တွဲဖက်အတွင်း ရေးမှူး
|
၂။
|
ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
|
|
(က)
|
မြန်မာနိုင်ငံ၏ ရှေးဟောင်းဒေသများအနက် ယဉ်ကျေးမှု
အမွေ အနှစ်ဒေသများအဖြစ် သတ်မှတ်သင့်သည့်ဒေသ များနှင့် နယ်မြေ
အပိုင်းအခြားကို သတ်မှတ်ပြဋ္ဌာန်းပေးရန်။
|
|
(ခ)
|
နိုင်ငံတော်အစိုးရက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်
သတ်မှတ် သင့်သည်ဟု ယူဆသော ရှေးဟောင်းနေရာ၊ ရှေးဟောင်း အဆောက် အအုံ၊
ရှေးဟောင်း ပစ္စည်းများကို ဖော်ထုတ် စာရင်းပြုစုရန် အတွက်
လမ်းညွှန်စာရင်းပြုစုရန်။
|
|
(ဂ)
|
ယဉ်ကျေးမှု ဒေသအတွင်း၌ဖြစ်စေ၊ ဒေသတစ်ဆက်တစ်စပ်တည်း
မြင်ကွင်း တစ်ခုတည်းဖြစ်၍ အကာအကွယ်ပေးရန် လိုအပ်သော ဆက်စပ်နယ်မြေ၌ ဖြစ်စေ
နေထိုင်ရန် လူနေအိမ်ခြေတိုက်တာ အဆောက်အအုံများ၊ လူသွားလမ်း၊
ယာဉ်သွားလမ်းများ၊ အသက် မွေးမှုအတွက် လယ်ယာများ၊
အခြားစီးပွားရေးလုပ်ငန်းများ အစရှိသည်တို့ အတွက် ဆောင်ရွက်ခွင့်နှင့်
မြေအသုံးချခွင့်ကို ထိန်းသိမ်း ကန့်သတ်ပေးရန်။
|
|
(ဃ)
|
ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်
စောင့်ရှောက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများရေးဆွဲခြင်း၊ ဖြည့်စွက်ခြင်း၊
ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း ပြုနိုင်ရေးအတွက် လိုအပ်သလို
တင်ပြဆောင်ရွက်ရန်။
|
|
(င)
|
ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ငန်းတွင်
နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်သွယ်
ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒ ချမှတ်ပေးရန်။
|
|
(စ)
|
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး၊ ဖော်ထုတ် ရေးနှင့် သုတေသနပြုလုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်။
|
|
(ဆ)
|
နိုင်ငံတော်၏ ယဉ်ကျေးမှု မူဝါဒဖြစ်သော အမျိုးဂုဏ်၊
ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ်စိတ်ဓာတ်
ရှင်သန်ထက်မြက်ရေး တို့ကို ဆောင်ရွက်ရန်အတွက် မူဝါဒများချမှတ်ပေးရန်။
|
|
(ဇ)
|
လူငယ်ထုအတွင်း မြန်မာတိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှုများကို စိတ်ဝင်စား တန်ဖိုးထား လေးစားစေရေး အတွက်
မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အခြေခံမပျက်စေရေး
ထိန်းသိမ်းဆောင်ရွက် ရန်။
|
|
(ဈ)
|
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ
ပညာရပ်များ ဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီး၊ ဇာတ်သဘင်၊ ပြဇာတ်၊ ယိမ်း၊
အငြိမ့်၊ ဇာတ်တော်ကြီးများ၊ တိုင်းရင်းသားရိုးရာအက၊ ဂီတများနှင့်
ပန်းဆယ်မျိုး အတတ်ပညာများ စသည်တို့ကို စဉ်ဆက်မပြတ် လေ့လာ၊ ဖော်ထုတ်၊
ထိန်းသိမ်း၊ ပြန့်ပွားစေရေး ဆောင်ရွက်ရန်။
|
|
(ည)
|
မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအနုပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ရန်။
|
|
(ဋ)
|
မြန်မာနိုင်ငံရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များအား ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ တင်သွင်းရေး အတည်ပြုပေးရန်။
|
|
(ဌ)
|
သက်ဆိုင်ရာဌာနက စာရင်းကောက်ယူထားပြီး တင်ပြလာသော
ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းများအား ကမ္ဘာ့အမွေ အနှစ်အဆင့်၊
အမျိုးသားအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သတ်မှတ်ပေးရန်။
|
|
(ဍ)
|
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပြတိုက်များတွင်
ပြသထားသော ပြသပစ္စည်းများ စုဆောင်းထားရှိမှု၊ ခင်းကျင်းပြသပုံစနစ်၊ ပြတိုက်
တည်ရှိရာ ဒေသခံပြည်သူများအပေါ် ပြတိုက်ပညာပေးရေး ဆောင်ရွက်နိုင်မှု၊
အဆောက်အအုံပိုင်းဆိုင်ရာ ကောင်းမွန်မှု တို့အပေါ် အခြေခံကာ ပြတိုက်များကို
အဆင့်သတ်မှတ်ပေးရန်။
|
|
(ဎ)
|
တိုင်းရင်းသားများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများကို
ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအတွက် တိမ်မြုပ်ပျောက်ကွယ် လုနီးပါး
ဖြစ်နေသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို ရှာဖွေဖော်ထုတ် စာရင်း ပြုစုရန်။
|
|
(ဏ)
|
အမျိုးသားပြတိုက်နှင့် ပြတိုက်များတည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ ဥပဒေကို ရေးဆွဲ သတ်မှတ်နိုင်ရေးအတွက် မူဝါဒများချမှတ်ပေးရန်။
|
|
(တ)
|
အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်
စောင့်ရှောက် ထိန်းသိမ်းသည့် ဥပဒေရေးဆွဲ သတ်မှတ်နိုင်ရေး အတွက် မူဝါဒများ
ချမှတ်ပေးရန်။
|
|
(ထ)
|
သမိုင်းဝင်နေရာများဆိုင်ရာ အထိမ်းအမှတ်ဥယျာဉ်၊ ရှေးဟောင်း သုတေသနဆိုင်ရာ အထိမ်းအမှတ်ဥယျာဉ် တို့အား ဖော်ထုတ် တိုးချဲ့သတ်မှတ်ရန်။
|
၃။
|
နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၂ဝ ရက် နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၃ဝ/၂ဝ၁၁) ကို ဤစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်သည်။
|
No comments:
Post a Comment